ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား လေ့လာရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံသို့ ထွက်ခွာ

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား လေ့လာရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံသို့ ထွက်ခွာ

 

နေပြည်တော်  မတ်  ၁၂

    ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား လေ့လာရန်နှင့်   မော်စကိုမြို့တွင် ကျင်းပမည့်  International Scientific and Practical Conference  သို့ တက်ရောက်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးမြို့မှ ထွက်ခွာသွားကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့အား မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်ကျော်နှင့် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ရွေးကောက်ပွဲအား လေ့လာခြင်းနှင့် Inter-national  Scientific and  Practical Conferenceသို့ တက်ရောက်ခြင်းအားဖြင့် ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပပုံ နည်းစနစ်များ၊ ရွေးကောက်ပွဲ စီမံခန့်ခွဲမှု နည်းလမ်းများ၊ ရွေးကောက်ပွဲတွင် နည်းပညာအသုံးပြု ဆောင်ရွက်နေမှုများကို လေ့လာသိရှိနိုင်မည့်အပြင် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာသူများအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခွင့်များ၊ အတွေ့အကြုံမျှဝေခွင့်များ ရရှိမည်ဖြစ်ကြောင်း သတင်း ရရှိသည်။