၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(စနစ်သစ်) ဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၁၂၈၇၂၅ ဦးရှိ

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(စနစ်သစ်) ဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၁၂၈၇၂၅ ဦးရှိ

 

နေပြည်တော်  မတ်  ၁၂

    ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်)ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နိုင်ငံခြား စာစစ်ဌာနအပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၂၅ ဦးရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၃၀ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခုဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေစုစုပေါင်း ၁၄၆၅၂၃ ဦးရှိပြီး စာမေးပွဲ ဒုတိယနေ့  အင်္ဂလိပ်စာဘာသာရပ်တွင် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၂၅ ဦး၊ ပျက်ကွက် ၁၇၇၉၈ ဦးရှိသဖြင့်  ဖြေဆိုသူ ၈၇ ဒသမ ၈၅ ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။