တက္ကသိုလ်ဝင်စာမေးပွဲ Grade-12  ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုနေမှုအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကြည့်ရှုအားပေး

 

တက္ကသိုလ်ဝင်စာမေးပွဲ Grade-12  ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုနေမှုအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကြည့်ရှုအားပေး

 

နေပြည်တော်  မတ်  ၁၂

    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်    နေပြည်တော် ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့် အတူ  ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ရောက်ရှိပြီး  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ကြည့်ရှုအားပေးစဉ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက စနစ်သစ် ပညာရေး၏ အထက် တန်းအဆင့် နောက်ဆုံးအရည်အချင်းစစ် စာမေးပွဲဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ ွမေိန-၁၂ ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည့် အခန်းတာဝန်ကျ ကြီးကြပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထောက်အကူပြု အဖွဲ့များနှင့် တွေ့ဆုံပြီး ကျောင်းသား၊ ကျောင်းသူများ   စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ စာမေးပွဲဖြေဆိုသူနှင့် စာမေးပွဲလုပ်ငန်းများ အနှောင့်အယှက် မဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြရန်၊ စာမေးပွဲကို စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အောင်မြင်အောင် ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်  အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်   တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့   အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ပြည်ထောင်စုနယ်မြေ  နေပြည်တော်အတွင်းရှိ စာစစ်ဌာန စုစုပေါင်း ၄၇ ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၈၆၇၆ ဦး စာရင်းပေးသွင်းထားပြီး ယနေ့ အင်္ဂလိပ်စာ ဘာသာရပ်တွင် ၈၄၂၂ ဦး ဝင်ရောက်ဖြေဆိုသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၀၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် သပြေတန်း ကျေးရွာအုပ်စု ရာဇဌာနီလမ်းဘေးရှိ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းနေကြာ စံပြစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိကြပြီး နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံကာ   မြေများကို အကျိုးရှိစွာ အသုံးချပြီး   သီးထပ်စွမ်းအား  တိုးမြှင့်ရေး၊ သုံးသီးစိုက်ပျိုးနိုင်ရေး၊ ဒေသတွင်း စားသုံးဆီဖူလုံစေရေးတို့ကို အလေးထား ဆောင်ရွက်ကြရန်မှာကြား၍ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နွေနှမ်းသီးနှံ စိုက်ပျိုးမည့် တောင်သူများကို နှမ်းမျိုးစေ့များနှင့် သဘာဝမြေသြဇာများကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက်   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် နေကြာစံပြ စိုက်ခင်းနှင့် ပြောင်းစိုက်ခင်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည်    ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစု ကျေးရွာအုပ်စု ကံလှကွက်သစ်အတွင်း   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ    ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆော  င်ရွက်နေသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး  လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။