တနိုင်းမြို့နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

 

တနိုင်းမြို့နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  မတ်  ၁၃

 

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်   မတ်လ ၁၂ ရက် နံနက် ၁၁ နာရီတွင်   တနိုင်းမြို့နယ်၊ လမုန်ကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ မင်းထွန်း(ခ)ချင်းတွင်းသား၏ နေအိမ်ကို   ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၄၈၇၅ ပြားကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင်    မိုင်းဆတ်မြို့၊   ဝိန်းဝိုင်ရပ်ကွက်တွင်   ကိုကိုထွေး(ခ)နို့စို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို  ရပ်တန့် စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ကိုလည်းကောင်း၊ စစ်ဆေးချက်အရ ညနေ ၅ နာရီခွဲတွင် မိုင်းဆတ်မြို့၊ ဝိန်းနေရပ်ကွက်၊ အောင်ချမ်းသာရပ်ရှိ ၎င်း၏နေအိမ်ကို   ဆက်လက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား   ၁၆၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ   အရေးယူထားကြောင်း သိရသည်။