TikTok အသုံးပြုခြင်းအား တားဆီးပိတ်ပင်နိုင်သည့် မူကြမ်းတစ်ရပ်ကို အမေရိကန် အောက်လွှတ်တော် အတည်ပြု

 

TikTok အသုံးပြုခြင်းအား တားဆီးပိတ်ပင်နိုင်သည့် မူကြမ်းတစ်ရပ်ကို အမေရိကန် အောက်လွှတ်တော် အတည်ပြု

အမေရိကန်နိုင်ငံအတွင်း၌ TikTok အပလီကေးရှင်း အသုံးပြုခြင်းအား တားဆီးပိတ်ပင်နိုင်သည့် မူကြမ်းတစ်ရပ်ကို အောက်လွှတ်တော်က မတ်လ ၁၃ ရက်တွင် တညီတညွတ်တည်း အတည်ပြုလိုက်သည်။

အဆိုပါ မူကြမ်းအရ  TikTok အပလီ ကေးရှင်းအား ပိုင်ဆိုင်ထားသည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော ByteDance အနေဖြင့် ခြောက်လအတွင်း သန်း ၁၇၀ ခန့်ရှိသော အမေရိကန်ပြည်သူများက အသုံးပြု ထားသည့်ဗီဒီယိုဖိုင်များကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက ယင်းအပလီကေးရှင်းအား အမေရိကန် အစိုးရက တားဆီး ပိတ်ပင်မည်ဖြစ်ကြောင်း သိရသည်။

TikTok အပလီကေးရှင်းအသုံးပြုမှု တားမြစ်ရေးမူကြမ်းကို အောက်လွှတ်တော်၌ ထောက်ခံမဲ ၃၅၂ မဲ၊ ကန့်ကွက်မဲ ၆၅ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏ အဆိုပါမူကြမ်း အတည်ပြုမှုသည် TikTok အပလီကေးရှင်းအား တားဆီးပိတ်ပင်ခြင်းမဟုတ်ဘဲ ၎င်းင်းအား တရုတ်က ပိုင်ဆိုင်နေခြင်းကို အဆုံးသတ် ရန်ကြိုးပမ်းခြင်းဖြစ်ကြောင်း  အမေရိကန် အိမ်ဖြူတော်မှ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က မတ်လ ၁၂ ရက်တွင် ပြောကြားထားရာ  TikTok အပလီကေးရှင်း၏အနာဂတ်သည် အမေရိကန်တွင် သေချာရေရာမှုမရှိကြောင်း သိရသည်။

Ref: ST