ရန်ကုန်တိုင်းဒေသကြီး စာစစ်ဌာန ၇၃ ခုတွင် သင်္ချာဘာသာရပ်နေ့၌ကျောင်းသား၊ ကျောင်းသူ ၁၈၀၄၄ ဦး စိတ်အေးချမ်းသာစွာ ဖြေဆို

 

ရန်ကုန်တိုင်းဒေသကြီး စာစစ်ဌာန ၇၃ ခုတွင် သင်္ချာဘာသာရပ်နေ့၌ကျောင်းသား၊ ကျောင်းသူ ၁၈၀၄၄ ဦး စိတ်အေးချမ်းသာစွာ ဖြေဆို

 

ရန်ကုန်  မတ်  ၁၃

    ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စာစစ်ဌာန ၇၃ ခု၌ ယနေ့နံနက် ၉ နာရီတွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။

ယနေ့ သင်္ချာဘာသာရပ် ဖြေဆိုသောနေ့တွင် ကမာရွတ်မြို့နယ်၊ ခရမ်းမြို့နယ်နှင့်   လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှ ကျောင်းသူသုံးဦး   ဆေးရုံမှ ဖြေဆိုခဲ့ကြပြီး မှော်ဘီမြို့နယ် အမှတ်(၁)အထက်တန်းကျောင်းစာစစ်ဌာန၌ ကိုယ်အင်္ဂါ မသန်စွမ်းသူတစ်ဦး၊  ရွှေပြည်သာမြို့နယ် အမှတ်(၃)အထက်တန်းကျောင်း စာစစ်ဌာန၌ ကိုယ်အင်္ဂါ မသန်စွမ်းသူတစ်ဦး၊ ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း  စာစစ်ဌာန၌  အမြင်အာရုံမသန်စွမ်းသူ သုံးဦး၊ ကြည့်မြင်တိုင်မြို့နယ်  အမှတ်(၁)အထက်တန်းကျောင်းစာစစ်ဌာန၌   အမြင်အာရုံ မသန်စွမ်းသူ သုံးဦးတို့ဖြင့်  စုစုပေါင်း ရှစ်ဦးနှင့် အင်းစိန်အကျဉ်း ဦးစီးဌာနရှိ အမှတ်(၁၃)   အလယ်တန်းကျောင်း စာစစ်ဌာန၌ အကျဉ်းသား ခုနစ်ဦးတို့လည်း ဖြေဆိုခဲ့ကြသည်။

၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲသည် Grade-12သင်ရိုးသစ်၊ စနစ်သစ်ဖြင့် ဖြေဆိုရခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ   သက်ဆိုင်ရာ ဘာသာရပ်များနှင့် မေးခွန်းပုံစံများကို   သိရှိနားလည်စေရန် ဆရာ၊ ဆရာမများအား သင်တန်းများ ပို့ချပေးခဲ့သည့် နည်းတူ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဌာနတို့မှ ထုတ်ဝေသည့် Grade-12 သင်ရိုးသစ်နှင့် ပတ်သက်သည့် ဘာသာရပ်အလိုက် မေးခွန်းပုံစံများကိုလည်း ကျောင်းများ၌ လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း သိရသည်။