၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) တတိယနေ့တွင် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၀၅ ဦးရှိ

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) တတိယနေ့တွင် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၀၅ ဦးရှိ

 

နေပြည်တော်  မတ်  ၁၃

 

    ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နိုင်ငံခြားစာစစ်ဌာန အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၀၅ ဦးရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၃၀ စာစစ်ဌာနစုစုပေါင်း ၈၄၁ ခုဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေစုစုပေါင်း ၁၄၆၅၂၃ ဦးရှိပြီး စာမေးပွဲတတိယနေ့ သင်္ချာဘာသာရပ်တွင် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၀၅ ဦး၊ ပျက်ကွက် ၁၇၈၁၈ ဦးရှိသဖြင့်  ဖြေဆိုသူ ၈၇ ဒသမ ၈၄ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။