ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်မှုထမ်းဆောင် ရန် နာမည်နှင့်တကွ ဆင့်ခေါ်နေကြောင်းနှင့် တပ်မတော်က လာရောက်ခေါ်ဆောင် သွားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေ လျက်ရှိ

 

ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်မှုထမ်းဆောင် ရန် နာမည်နှင့်တကွ ဆင့်ခေါ်နေကြောင်းနှင့် တပ်မတော်က လာရောက်ခေါ်ဆောင် သွားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေ လျက်ရှိ

နေပြည်တော်၊ မတ် ၁၄

          ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ ရပ်ကွက် တစ်ခုလျှင် လူငယ် ၄ ဦးမှ ၅၀ ဦးအထိ နာမည်နှင့်တကွ ဆင့်ခေါ်စာများ ဖြန့်ဝေ နေကြောင်းနှင့် တစ်ချို့ရပ်ကွက်များတွင် လူငယ်များကို မဲနှိုက်ရွေးချယ်ပြီး နောက်တွင် တပ်မတော်ကလာရောက်ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှား များကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ နာမည်နှင့်တကွ ဆင့်ခေါ်စာများ ဖြန့်ဝေနေခြင်းနှင့် တစ်ချို့ရပ်ကွက်များတွင် လူငယ်များကို မဲနှိုက်ရွေးချယ်ပြီး  တပ်မတော်က လာရောက် ခေါ်ဆောင်သွားသည့် ဆိုသည့်သတင်းများမှာ မှန်ကန်မှု မရှိကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်သည့်နေ့မှစပြီး တရားမဝင်ပြည် ဖျက်မီဒီယာ များနှင့် ရပ်ရွာအေးချမ်း သာယာရေးကို မလိုလားသူများက ကောလာဟလ သတင်းအမှားများဖြင့် တည်ငြိမ်အေးချမ်းမှု မရှိစေရန်အတွက် ဝါဒဖြန့်လှုံဆော် နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။