၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ(စနစ်သစ်) စတုတ္ထနေ့တွင် ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၇၁ ဦးနှင့်  ပထဝီဝင်ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၇၂၀၈  ဦးရှိ

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ(စနစ်သစ်) စတုတ္ထနေ့တွင် ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၇၁ ဦးနှင့်  ပထဝီဝင်ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၇၂၀၈  ဦးရှိ

 

နေပြည်တော်  မတ်  ၁၄

    ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နိုင်ငံခြားစာစစ်ဌာန အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၇၁ ဦးနှင့် ပထဝီဝင် ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၇၂၀၈ ဦးရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၃၀ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဓာတုဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၂၅၈၇၀ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၇၁ ဦး၊ ပျက်ကွက် ၁၄၃၉၉ ဦးရှိသဖြင့်  ရာခိုင်နှုန်းအားဖြင့်  ၈၈ ဒသမ ၅၆ ရာခိုင်နှုန်း၊ ပထဝီဝင်ဘာသာရပ် ဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေစုစုပေါင်း ၂၀၆၅၁ ဦးရှိပြီး လာရောက်ဖြေဆိုသူစုစုပေါင်း ၁၇၂၀၈ ဦး၊ ပျက်ကွက် ၃၄၄၃ ဦးရှိသဖြင့်  ရာခိုင်နှုန်းအားဖြင့်  ၈၃ ဒသမ ၃၃ ရာခိုင်နှုန်းရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။