ဖျက်အားပြင်း အသံထက်မြန်ဒုံးကျည်တစ်စင်းအား ဟူသီသူပုန်အဖွဲ့က စမ်းသပ်ပစ်ခတ်၍ စစ်ဆင်ရေးတွင် အသုံးပြုရန်စီစဉ်

 

ဖျက်အားပြင်း အသံထက်မြန်ဒုံးကျည်တစ်စင်းအား ဟူသီသူပုန်အဖွဲ့က စမ်းသပ်ပစ်ခတ်၍ စစ်ဆင်ရေးတွင် အသုံးပြုရန်စီစဉ်

ယီမင်နိုင်ငံမှ  ဟူသီသူပုန်အဖွဲ့သည် ဖျက်အားပြင်းသည့် အသံထက်မြန်ဒုံးကျည်တစ်စင်းအား စမ်းသပ်ပစ်ခတ်ခဲ့ပြီး  ယင်းဒုံးကျည်များကို စစ်ဆင်ရေးတွင် အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း သူပုန်အဖွဲ့နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက Sputnik သတင်းဌာနသို့ပြောသည်။

ဟူသီသူပုန်အဖွဲ့သည် အဆိုပါ အသံထက်မြန်ဒုံးကျည်ကို မည်သည့်နေ့ရက်၊ နေရာတွင် လုပ်ဆောင်ခဲ့ကြောင်းကို အသေးစိတ်မသိရ သေးသော်လည်း ဒုံးကျည်အား အောင်မြင် စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။ စမ်းသပ်ခဲ့သည့် အသံထက်မြန်ဒုံးကျည်သည် အသံထက် ရှစ်ဆပိုမိုမြန်ဆန်ပြီး တစ်နာရီ လျှင် မိုင်ပေါင်း ၆၂၀၀ သို့မဟုတ် ကီလိုမီတာ ၁၀၀၀၀ အထိပစ်ခတ်ရောက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

ယီမင်နိုင်ငံသည် အဆိုပါဒုံးကျည်များ ကို အစ္စရေးနိုင်ငံအတွင်းရှိ ပစ်မှတ်များအပါ အဝင် ပင်လယ်နီ၊ အာရေဗျပင်လယ်များနှင့် အေဒင်ပင်လယ်ကွေ့အတွင်း၌ပါ တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် စတင်ထုတ် လုပ်လျက်ရှိကြောင်း သတင်းအရင်းအမြစ် က ဆက်လက်ပြောကြားသည်။

ဟူသီသူပုန်အဖွဲ့ဝင်များသည် အချိုးမညီ စစ်ဆင်မှုပညာရပ်များကို အနောက်နိုင်ငံ များ၌ လေ့လာလျက်ရှိပြီး အစ္စရေး၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့အား အံ့အားသင့် စေရန် တိုက်ခိုက်သွားမည်ဟု ကြေညာထားကြောင်း သိရသည်။      ဖျက်အားပြင်း အသံထက်မြန်ဒုံးကျည်တစ်စင်းအား ဟူသီသူပုန်အဖွဲ့က စမ်းသပ်ပစ်ခတ်၍ စစ်ဆင်ရေးတွင် အသုံးပြုရန်စီစဉ် ယီမင်နိုင်ငံမှ  ဟူသီသူပုန်အဖွဲ့သည် ဖျက်အားပြင်းသည့် အသံထက်မြန် ဒုံးကျည် တစ်စင်းအား စမ်းသပ်ပစ်ခတ်ခဲ့ပြီး  ယင်းဒုံးကျည်များကို စစ်ဆင်ရေးတွင် အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း သူပုန်အဖွဲ့နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက Sputnik သတင်းဌာနသို့ ပြောသည်။

ဟူသီသူပုန်အဖွဲ့သည် အဆိုပါအသံထက်မြန်ဒုံးကျည်ကို မည်သည့်နေ့ရက်၊ နေရာတွင် လုပ်ဆောင်ခဲ့ကြောင်းကို အသေးစိတ်မသိရ သေးသော်လည်း ဒုံးကျည်အား အောင်မြင် စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။ စမ်းသပ်ခဲ့သည့် အသံထက်မြန်ဒုံးကျည်သည် အသံထက် ရှစ်ဆပိုမိုမြန်ဆန်ပြီး တစ်နာရီ လျှင် မိုင်ပေါင်း ၆၂၀၀ သို့မဟုတ် ကီလိုမီတာ ၁၀၀၀၀ အထိပစ်ခတ်ရောက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

ယီမင်နိုင်ငံသည် အဆိုပါဒုံးကျည်များကို အစ္စရေးနိုင်ငံအတွင်းရှိ ပစ်မှတ်များအပါ အဝင် ပင်လယ်နီ၊ အာရေဗျပင်လယ်များနှင့် အေဒင်ပင်လယ်ကွေ့အတွင်း၌ပါ တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် စတင်ထုတ် လုပ်လျက်ရှိကြောင်း သတင်းအရင်းအမြစ် က ဆက်လက်ပြောကြားသည်။

ဟူသီသူပုန်အဖွဲ့ဝင်များသည် အချိုးမညီ စစ်ဆင်မှုပညာရပ်များကို အနောက်နိုင်ငံများ၌ လေ့လာလျက်ရှိပြီး အစ္စရေး၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့အား အံ့အားသင့် စေရန် တိုက်ခိုက်သွားမည်ဟု ကြေညာထားကြောင်း သိရသည်။    

 Ref: Sputnik