ရန်ကင်း မူလတန်းကြိုကျောင်း ကျောင်းဆင်းဂုဏ်ပြု လက်မှတ်ပေးအပ်ပွဲနှင့်ပဒေသာကပွဲ အခမ်းအနားကျင်းပ

 

ရန်ကင်း မူလတန်းကြိုကျောင်း ကျောင်းဆင်းဂုဏ်ပြု လက်မှတ်ပေးအပ်ပွဲနှင့်ပဒေသာကပွဲ အခမ်းအနားကျင်းပ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ရန်ကုန် တိုင်းဒေသကြီး   လူမှုဝန်ထမ်းဦးစီးဌာန အောက်ရှိ ရန်ကင်းမူလတန်းကြိုကျောင်း ၏ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက်   ကျောင်းဆင်းဂုဏ်ပြု လက်မှတ်ပေးအပ်ပွဲနှင့် ပဒေ သာကပွဲ အခမ်းအနားကို မတ်လ ၁၅ ရက် က ရန်ကင်းမြို့နယ်ရှိ ရန်ကင်းမူလတန်း ကြိုကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဝင်းသိင်္ဂီက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အရှေ့ပိုင်း ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး၊  ရန်ကင်းမူလတန်းကြို ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်ခိုင် နှင့်   တာဝန်ရှိသူများက   ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဆင်းလက်မှတ်များ ပေးအပ်သည်။

ယင်းနောက် ပဒေသာကပွဲတွင် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် အဖွဲ့လိုက် ကပြဖျော်ဖြေကြပြီးနောက် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့   ရန်ကုန်အရှေ့ပိုင်း ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝင်းသိင်္ဂီ၊ အရှေ့ပိုင်း ခရိုင်အတွင်းရှိ မူလတန်းကြိုကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊  မိဘများနှင့်   ဖိတ်ကြား ထားသူများ တက်ရောက်ကြကြောင်း သိရသည်။