ကျန်းမာရေး ဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

 

ကျန်းမာရေး ဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

 

နေပြည်တော်  မတ်  ၁၇

    ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှု စီးပွားဘဝများ တိုးတက်စေရန် လူတိုင်းသက်ရှည်  ကျန်းမာစွာနေထိုင်နိုင်စေရေး အတွက် ကျန်းမာရေး စောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ်  အထူးကုဘာသာရပ်ဆိုင်ရာ ကုသမှုများကို ပြည်သူများ လက်လှမ်းမီ ရရှိနိုင်ရေးအတွက်   ရန်ကုန်/ မန္တလေး/နေပြည်တော်မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ  ပါဝင်သည့် အထူးကုဆေးကုသရေး အဖွဲ့များဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှု အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။        

၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်မှ ၁၆ ရက်အထိ မန္တလေးပြည်သူ့ ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး-မန္တလေး၊ မျက်စိရောဂါအထူးကု ဆေးရုံကြီး-ရန်ကုန်နှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး-မန္တလေး တို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည်  ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး-ကျိုင်းတုံမြို့မှ  အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအထူးကု ဆေးကုသရေး  အစီအစဉ်တွင် ကျိုင်းတုံမြို့ပေါ်သာမက အနီးတစ်ဝိုက်ရှိ မြို့နယ် ၁၃ မြို့နယ်မှ ပြည်သူများ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ ၈၇ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာလူနာ ၄၉ ဦး၊ အသည်းဆေးကုသမှုဆိုင်ရာလူနာ ၂၂ ဦး၊ ဆီးချိုနှင့် ဟော်မုန်း ဆိုင်ရာလူနာ ၆၀၊ ဦးနှောက်နှင့်အာရုံကြော ဆေးကုသမှုဆိုင်ရာ လူနာ ၂၄ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသမှုဆိုင်ရာလူနာ ကိုးဦး၊ အထွေထွေရောဂါဆေးပညာ လူနာ ၉၅ ဦး၊ ကင်ဆာရောဂါဆိုင်ရာ လူနာရှစ်ဦး၊ အရိုးအကြောအဆစ် ရောဂါဆိုင်ရာလူနာ ၁၀၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ ၄၇ ဦး၊ မျက်စိရောဂါဆိုင်ရာ လူနာ ၂၂၅ ဦး၊   ကလေးဦးနှောက်နှင့် အာရုံကြောရောဂါ လူနာ ကိုးဦး၊ အခြားကလေးလူနာ ၂၂ ဦး၊ ခွဲစိတ်ရောဂါဆိုင်ရာ လူနာ ၃၆ ဦး၊ အရိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊     စိတ်ကျန်းမာရေးဆိုင်ရာနှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးဆိုင်ရာ လူနာ ၄၃ ဦး စုစုပေါင်း ဒေသခံပြည်သူ ၈၃၈ ဦးတို့ကို ကြည့်ရှုကုသမှု ပေးခဲ့သည်။

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း  (Echocardiogr-aphy)၆၂ ဦး၊   အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်း ကြည့်ရှုခြင်း(OGDS)ခြောက်ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (Colonoscope) နှစ်ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း မှန်ပြောင်းကြည့်ရှုခြင်း ရှစ်ဦး၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့်  စစ်ဆေးခြင်း (CT Scan) ငါးဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၈၇ ဦး၊ ဓာတ်ခွဲစမ်းသပ်ခြင်း ၁၈၄ ဦး၊ သွေးချိုဓာတ်(HbA1C) တိုင်းတာခြင်း ၃၄ ဦး၊ Ultrasound  ရိုက်ကူးခြင်း ၂၇ ဦး၊  နှလုံးစက်ဖြင့် စစ်ဆေးခြင်း(ECG) ၁၂၈ ဦးတို့ကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး မျက်စိအတွင်းတိမ် ခွဲစိတ်ကုသမှု  ၁၈ ဦး၊ အရိုးရောဂါဆိုင်ရာ ခွဲစိတ်ကုသမှု သုံးဦး၊ အထွေထွေခွဲစိတ် ကုသမှုငါးဦး၊ သားဖွားမီးယပ် လူနာခွဲစိတ်ကုသမှု  သုံးဦးတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသမှုဆိုင်ရာလူနာနှစ်ဦး၊ အရိုးအကြောအဆစ် ရောဂါဆိုင်ရာလူနာ တစ်ဦး၊ မျက်စိရောဂါဆိုင်ရာ လူနာခုနစ်ဦးတို့ကို လိုအပ်သောစစ်ဆေး ကုသမှုများ ဆက်လက် ဆောင်ရွက်နိုင်ရန်   ရန်ကုန်၊   မန္တလေး၊ နေပြည်တော်ရှိ သက်ဆိုင်ရာပြည်သူ့ ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးခဲ့သည်။ မျက်စိအတွင်းတိမ်  ခွဲစိတ်ကုသမှု အားဖြည့်ဆောင်ရွက်ရန်အတွက် စေလွှတ်ထားသည့် မျက်စိအထူးကု ကွင်းဆင်းဆေးအဖွဲ့သည် မတ်လ ၂၃ ရက်အထိ ပြည်သူ့ ဆေးရုံကြီး-ကျိုင်းတုံမြို့၌ မျက်စိရောဂါလူနာများ ကြည့်ရှုကုသခြင်းနှင့် မျက်စိခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။

အဆိုပါအစီအစဉ်နှင့်အတူ   ကျိုင်းတုံမြို့နယ်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဒေသခံပြည်သူ ၉၁ ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။

ကျိုင်းတုံခရိုင်   စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်   တာဝန်ရှိသူများသည် မတ်လ ၁၆ ရက်တွင် အထူးကုဆေးကုသရေး အစီအစဉ် ဆောင်ရွက်ရာနေရာသို့    လာရောက်ပြီး ပြသကုသမှု ခံယူကြသော လူနာများကို အားပေးစကားပြောကြားကာ မျက်စိခွဲစိတ် ထားသည့် လူနာများကို နေကာမျက်မှန်များ တပ်ဆင်ပေးအပ်ခြင်း၊ ကာကွယ်ဆေးထိုးနှံမှုကို ကြည့်ရှုအားပေးခြင်းနှင့် လာရောက်ပြသသည့်လူနာများအား နေ့လယ်စာ အာဟာရများ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်/မန္တလေး/နေပြည်တော်မှ အထူးကုသမှု (Super Speciality) ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏  အထူးကုဆေးကုသရေး အစီအစဉ်များကို ၂၀၂၄ ခုနှစ်အတွင်း  အပတ်စဉ်စနေ၊ တနင်္ဂနွေနေ့တို့တွင် ဆောင်ရွက်လျက်ရှိပြီး ကျိုင်းတုံမြို့ အပါအဝင် (၁၂)ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။