တိုက်စစ်မှူး ဗင်နီစီးယက်စ် မကြာခဏ လူမျိုးရေး ခွဲခြားခံရမှု တွေ့ကြုံနေရသည့်အတွက် ရီးယဲလ်မက်ဒရစ် အသင်းနှင့် အနာဂတ် မရေမရာဖြစ်လာ
ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဗင်နီစီးယက်စ်သည် ရီးယဲလ်မက်ဒရစ်အသင်း၌ အကောင်း ဆုံးခြေစွမ်းပြနိုင်ပြီး အဓိကပွဲထွက် ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေသော်လည်း ပြိုင်ဘက် အသင်းပရိသတ်များ၏ မကြာခဏ လူမျိုးရေး ခွဲခြားခံရမှု တွေ့ကြုံနေရ သည့်အတွက် အသင်းနှင့် အနာဂတ် မရေမရာဖြစ်လာကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ် ဗင်နီစီးယက်စ်သည် နောက်ပိုင်းနှစ်များတွင် ရီးယဲလ်မက်ဒရစ် အသင်းနှင့် ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြလျက်ရှိကာ အကောင်းဆုံး တိုက်စစ်ကစားသမားများတွင် တစ်ဦးအပါအဝင် ရပ်တည်နေသော်လည်း စပိန်လာလီဂါမှ ပြိုင်ဘက်အသင်းပရိသတ်များက ဗင်နီစီးယက်စ်ကို မကြာခဏ လူမျိုးရေး ခွဲခြားမှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဘောလုံးရာသီက ရီးယဲလ်မက်ဒရစ် အသင်းနှင့် ဗလင်စီယာအသင်းတို့ ကစားသည့်ပွဲစဉ်တွင် ဗလင်စီယာအသင်းပရိသတ်များက ဗင်နီစီးယက်စ်ကို ပြင်းပြင်းထန်ထန် လူမျိုးရေးခွဲခြားမှုများ ပြုလုပ်ခဲ့သည့်အတွက် ဗင်နီစီးယက်စ်က ပွဲကိုဆက်လက် မကစားတော့ဘဲ ကွင်းပြင်သို့ ထွက်ခွာခဲ့သည်အထိ ဖြစ် ခဲ့သည်။
အလားတူ ယခုဘောလုံးရာသီတွင်လည်း ပြီးခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းရှုံးထွက် အဆင့်ပွဲစဉ် အဖြစ်ကစားသော အက်သလက်တီကို အသင်းနှင့် အင်တာမီလန်အသင်းတို့ ပွဲစဉ်မတိုင်မီကလည်း အက်သလက်တီကို အသင်းပရိသတ်များကလည်း ဗင်နီစီးယက်စ်ကို လူမျိုးရေး ခွဲခြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။