မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော်  မတ်  ၁၈

    မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် မတ်လ ၁၇ ရက် ညနေ ၃ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊   ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာရှိ အောင်မျိုးဦး(ခ)အောင်လှိုင်ဦး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၆ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊  ရွှေစာရံကျေးရွာအုပ်စု၊ ရွှေစာရံကျေးရွာအနီးတွင် သန်းဖြိုးဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို လည်းကောင်း၊ ထို့ပြင် အလားတူပူးပေါင်းအဖွဲ့သည် မတ်လ ၁၇ ရက် ညနေ ၅ နာရီတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ   ကားဂိတ်တွင်   ပါဆယ်ပစ္စည်း လာရောက်ပို့ဆောင်သူ သီဟစိုးနှင့် စိုင်းဝန်းကျောက်တို့အား  စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး   Happy Water ၄ ဒသမ ၉၂ ကီလိုကိုလည်းကောင်း၊ စစ်ဆေးချက်အရ ည ၈ နာရီတွင် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ စိုင်းဝန်းကျောက်၏    နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy  Water သုည ဒသမ ၀၈ ကီလို၊ ကက်တမင်း သုည ဒသမ ၀၄ ကီလိုကို လည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။