တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်    မတ်    ၁၈

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၁၃ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မိုးကောင်းမြို့နယ် အင်ကြင်း ကုန်းကျေးရွာ လမ်းခွဲအနီး၌   ဟိုပင်မြို့မှ မိုးကောင်းမြို့သို့  မောင်းနှင်လာသည့် မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ်(၃၆၀၀၀)(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀၀)  နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ယမ်းဖောင် Truck (၃) စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀)၊ စုစု ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆၀၀၀၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး   မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင်  အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ်လ၁၃  ရက်တွင်  မြန်မာ့စက်မှုဆိပ်ကမ်းရှိ အကောက်ခွန်ဂိုဒေါင်၌ နှစ်ကာလကြာမြင့်ပြီး ထုတ်ယူခြင်း မရှိသည့်  Ray Smart Infrared Cooker (၃၁၂)လုံး အပါအဝင် ကုန်ပစ္စည်း(၂၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈၇၃၄၅၀)ကို လည်းကောင်း၊ မတ်လ ၁၄ ရက်တွင်   အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၆)လုံးအတွင်းမှ   သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Hydraulic Oil (၄၅၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉၀၀၀၀၀)နှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့်  တရုတ်နိုင်ငံထုတ် လျှပ်စစ်ထမင်းပေါင်းအိုး အလုံး(၅၀)(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀)ကို လည်းကောင်း၊  စုစုပေါင်း     (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၇၇၃၄၅၀)ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ်လ ၁၃ ရက်တွင် မြိတ်မြို့မှရန်ကုန်မြို့သို့ ထွက်ခွာလာပြီး ဘုရင့်နောင်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် ရေယာဉ်(၁)စင်းပေါ်မှမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသော တန်ချိန်အရေအတွက်ထက် ပိုမိုသယ်ဆောင်လာသည့်  Test Liner (၄၀၀၀၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၁၄၀၂၇၄၀) နှင့် အဆိုပါပစ္စည်းများ သယ်ဆောင်လာသည့် MV. MCL-18 ရေယာဉ်(၁)စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ မတ်လ ၁၅ ရက်တွင် အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့၌ တရားမဝင်ကျွန်းသစ် (၁ ဒသမ ၂၈၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၈၁၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့်  Toyota Succeed မော်တော်ယာဉ်(၁)စီးနှင့် Toyota Voxy  မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀၀)တို့ကို သစ်တောဥပဒေအရ လည်းကောင်း၊ မတ်လ ၁၆ ရက်တွင် ရွာသာကြီး Dry Port  ၌ ပဲခူးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့်  မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်တစ်ကောင် စားအုန်းဆီ (၁၈)လီတာပါ ဘူး(၃၀၀) အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၄၉၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Dutro Truck  (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀၀၀၀၀၀)ကို  အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၅၅၇၄၆၈၄၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၁၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဘားအံမြို့ သံလွင်တံတားပူးပေါင်း စစ်ဆေးရေးဂိတ်(တရုတ်လှဘက်ခြမ်း)၌ ဘားအံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် NA Sound Amplifier (၅)လုံး၊ ပုစွန်နှစ်ကောင် စားအုန်းဆီ(၅)လီတာပါဘူး(၁၂၀)၊ ကားတာယာ(အဟောင်းဆိုဒ်စုံ)အလုံး(၂၀)အပါအဝင် ကုန်ပစ္စည်း(၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၃၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၈၃၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ်လ၁၅  ရက်တွင်  တောင်ငူခရိုင်အတွင်း၌ တရားမဝင်သစ်မာ (၆ ဒသမ ၃၉၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၉၇၇၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ မတ်လ၁၆  ရက်တွင်   ကြို့ပင်ကောက်မြို့နယ် စက်တိုင်ကုန်းရပ်ကွက် ရန်ကုန်-ပြည်ကား လမ်းမအနီး၌ လိုင်စင်မဲ့ Nissan X-Trail  မော်တော်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေ အရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁၉၇၇၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ်လ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၈၀၅၄၇၉၉၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။