ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း  AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် ဖမ်းဆီးရမိ

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း  AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်  ၁၉

    ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE၂၆ ဒသမ ၂၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ်လ ၁၆ ရက် မွန်းလွဲ ၂  နာရီတွင်  မိုးညှင်းမြို့နယ်၊  ကြာကြီးကွင်း ကျေးရွာအနီးတွင်   သန်းစိုးအောင်(ခ)လပြည့် မောင်းနှင်ပြီး သက်နိုင်ဦး(ခ)ဖိုးပိန်  လိုက်ပါလာသည့် YANG  FOND အမျိုးအစား မော်တော်ယာဉ်နှင့် ဖြိုးသူကျော် မောင်းနှင်ပြီး ဝင်းဟိန်း လိုက်ပါလာသည့် YANG  FOND အမျိုးအစား မော်တော်ယာဉ်တို့ကို သတင်းအရ စစ်ဆေးရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား  ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း  သိရသည်။