နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၁/ ၂၀၂၄) သို့တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (/ ၂၀၂) သို့တက်ရောက်အမှာစကားပြောကြား

 နေပြည်တော်၊ မတ်-၂၀

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝင်းရှိန် အပါအဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဒေါက်တာ ကံဇော်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံနှင့် ဒေါက်တာမျိုးသိန်းကျော်၊  နေပြည်တော်ကောင်စီဥက္ကဌ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကော်မတီ၏ တတိယ အကြိမ်အစည်းအဝေး၌  ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်း‌များ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များနှင့် အေဂျင်စီများ ချိတ်ဆက်ညှိနှိုင်း အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ယနေ့အစည်းအဝေးသည် လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် အစည်း အဝေး ဖြစ်ပြီး အစည်းအဝေး ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးအခြေခံ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ကဏ္ဍအလိုက် လိုအပ်ချက်များကို ပံ့ပိုးဖြည့် ဆည်းပေးနိုင်ရေး၊ ထုတ်ကုန်များကို ပြည်ပပို့ကုန်များအဖြစ် တိုးမြှင့် ထုတ်လုပ်ဆောင် ရွက်နိုင်ရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်းဖြင့် တစ်ဦးချင်း ဝင်ငွေတိုးလာ ပြီး နိုင်ငံ့စီးပွား တိုးတက်လာနိုင်ရေး၊ ဆီထွက်သီးနှံ၊ စက်မှုသီးနှံ၊ နို့နှင့်နို့ ထွက်ပစ္စည်း ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်နှင့် ပံ့ပိုးဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဝိုင်းဝန်း အကြံပြု ဆွေး နွေးပေး နိုင်ရန် ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအေဂျင်စီများက ပြီးပြတ် အောင်ဆောင်ရွက်နိုင်ရေး တွန်းအားပေး လုပ်ဆောင်နိုင်ရန်နှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်တို့အတွက် ကျင်းပရခြင်း ဖြစ်ကြောင်း။

ယခုအချိန်သည် မိမိတို့နိုင်ငံ၏စီးပွားရေး ဦးမော့လာစေရန်အတွက် တွန်း အားပေးလုပ်ဆောင်လျက်ရှိသည့်ကာလဖြစ်ကြောင်း၊  စီးပွားရေးဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းကဏ္ဍပေါင်းများစွာရှိပြီး MSME များကိုအားပေးမြှင့်တင်ခြင်းသည်အရေးပါသည့်အခန်းကဏ္ဍတစ်ခုလည်းဖြစ်ကြောင်း၊ MSME လုပ်ငန်းဆိုသည်မှာ စိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုမှစ၍ ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက် ပါဝင်နေသော စီးပွားရေးလုပ်ငန်းများဖြစ်ပြီး အဓိကအရေးပါသည့် အခြေခံလုပ်ငန်းများဖြစ်သည့်အတွက် MSMEများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့ စီးပွား ကိုဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် (၂)ရပ် ဖြစ်သည့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် ခိုင်မာစေရေး” နှင့်
“ဒီမိုက‌ရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး”၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေး” နှင့် “စား ရေရိက္ခာ ဖူလုံရေး” တို့ကို နိုင်ငံ‌တော်၏ မျှော်မှန်းချက်များအဖြစ် ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ မျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် စီးပွားရေးဦးတည်ချက် (၃) ရပ် အပါအဝင် ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ခဲ့ ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ပြည်တွင်းဒေသအသီးသီးမှာထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြုပြီး ဒေသ အလိုက် စိုက်ပျိုးမွေးမြူရေးအခြေခံထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ် နိုင်‌ရေး၊ ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေးကိုလည်း လမ်းညွှန်ချက်များနှင့်အညီ ဦးစားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန များဖြင့် ဒေသဆိုင်ရာအေဂျင်စီများ ပေါင်းစပ်ညှိနှိုင်း၍ စိုက်ပျိုးမွေးမြူရေးအခြေခံ ထုတ်ကုန်များကို ကဏ္ဍ(၄)ခုတွင် မူရင်းထုတ်ကုန်နှင့် တန်ဖိုးမြှင့် ထုတ်ကုန် စုစုပေါင်း(၆၁၂)မျိုး ပြုစုတင်ပြထားသည်ကိုလည်း တွေ့ရှိရကြောင်း၊ ဒေသ ထုတ်ကုန် များကို တန်ဖိုးမြှင့်အနေဖြင့် ထုတ်လုပ်နိုင်မည်ဆိုပါက ထုတ်ကုန်၏ Trade Value တန်ဖိုးတက်လာပြီး ဝင်ငွေများတိုးတက်ရရှိစေမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပို့ကုန်အဖြစ် ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေရရှိပြီး နိုင်ငံ၏ GDP လည်းတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် တန်ဖိုး မြှင့် ထုတ်ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုကို မြှင့်တင်ခြင်းအားဖြင့် ကျေးလက်နေ ပြည်သူ လူထုတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပြီး လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

ပြည်တွင်းထုတ်ကုန်များနှင့် ပြည်ပပို့ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ် နိုင်ပါက ပြည်ပသွင်းကုန်ပစ္စည်းများကို မှီခိုနေရခြင်းမှ ကင်းလွတ်နိုင်မည်ဖြစ်ပြီး ဈေးကွက်မတည်ငြိမ်မှုကိုလည်း ထိန်းကျောင်းသွားနိုင်မည်ဖြစ်ကြောင်း၊  ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်တို့မှ အဆိုပြုထားသည့် ထုတ်ကုန်အမယ် (၁၀၇)မျိုးကို Action Plan ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပြု ထားသည့် ထုတ်ကုန်အမယ်များအနက် ဦးစားပေး(၅၇)မျိုးကိုလည်း ရွေးချယ် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဒေသအလိုက် စိုက်ပျိုးမွေးမြူရေး အခြေခံ ထုတ်ကုန်(Work Plan) များနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ နိုင်ငံ့စီးပွားကို မြှင့်တင်ရေး အတွက် MSME လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်အာမခံ ချက်ရှိလာအောင် အားပေးကူညီ ဆောင်ရွက်ပေးရန်လိုကြောင်း၊  ပြည်သူလူထုအတွက် ထုတ်ကုန်များစွာကို ဒေသအသီးသီးတွင်ရှိသည့် MSME များက ထုတ်လုပ်ပေးခြင်း အားဖြင့် နိုင်ငံစီးပွား တိုးတက်ပြောင်းလဲအောင် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများအနေဖြင့် ပြည်တွင်း ထွက်ကုန်ကြမ်းများကို အခြေခံ သည့် ထုတ်ကုန်ပစ္စည်းများကို နိုင်ငံအတွင်း စား၊ ရေ၊ ရိက္ခာ ဖူလုံမှုအတွက် အဓိကထား ထုတ်လုပ်စေလိုပြီး ထိုမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ် ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြော ကြားလို ကြောင်း။

နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရေးအတွက် MSME လုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှာတွေ့ဆုံပွဲ (၂၃)ကြိမ်၊ မိမိအနေ  ဖြင့်လည်း  MSME လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲ (၅) ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ တွေ့ဆုံ ပွဲများတွင် လုပ်ငန်းရှင်များမှ ကဏ္ဍအလိုက် လိုအပ်ချက်များ တင်ပြကြပြီး နည်းပညာ၊ ငွေကြေး အရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာ လိုအပ် ချက်တို့ကို တင်ပြလာသည်ကို တွေ့ရှိရကြောင်း။

တင်ပြမှုများတွင် အများအားဖြင့် မြေနေရာနှင့် ငွေကြေးအရင်းအနှီး အချက်(၂)ချက် ဖြစ်ကြောင်း၊ ဒေသထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်မှုများ ပြုလုပ်သည့်အခါ ထုတ်လုပ်မှုစရိတ်အတွက် ငွေကြေးအရင်းအနှီးက အဓိကလိုအပ် ချက်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေတို့ကို ထူထောင်ထားပြီး MSME လုပ်ငန်းများကို ငွေကြေး အရင်းအနှီး ပံ့ပိုးပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME ချေးငွေ လျှောက်ထားရာတွင် လုပ်ငန်းစဉ်များကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင် ရန်၊ နိုင်ငံတော်မှ ထုတ်ချေးပေးထားသော MSME ချေးငွေများကို အမှန် တကယ်လိုအပ် သည့် လုပ်ငန်းရှင်များအား ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာအေဂျင်စီများ အားလုံးချိတ်ဆက် ပူးပေါင်းဆောင်ရွက် သွားရမည် ဖြစ်ကြောင်း။

ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးပုံစံများ အဆင့်ဆင့်ပြောင်းလဲလာမှုအပေါ် မိမိတို့နိုင်ငံရှိ MSMEများ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် ဒီဂျစ်တယ် အသွင်ကူး ပြောင်းမှုဆိုင်ရာ နည်းပညာများသည် လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ MSME များ ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာ သည် ကိုတွေ့ရှိရကြောင်း၊ MSME လုပ်ငန်းရှင်များအတွက် ဒီဂျစ်တယ် အသွင်ကူး ပြောင်းရေး၊ နိုင်ငံတကာ စီးပွားရေးကွန်ရက်များနှင့် ချိတ်ဆက် ပေးနိုင်ရေး၊ ဒီဂျစ်တယ် စွမ်းရည်များ မြှင့်တင်ပေးနိုင်ရေးတို့ကို အစီအမံများ ရေးဆွဲဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း၊ MSMEများ ဖွံ့ဖြိုးတိုးတက်လာစေရန် Incubation Centerများ တည်ထောင်ပြီး အစပျိုးစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးရန်၊ စွန့်ဦး တီထွင်လုပ်ငန်းရှင်များ ပိုမိုပေါ်ပေါက်လာစေရန်နှင့် ဆန်းသစ်တီထွင်မှုနှင့်ယှဉ် ပြိုင်နိုင်မှုများ ပိုမိုအားကောင်းလာစေရန် လုပ်ငန်းကော်မတီနှင့် အေဂျင်စီအသီးသီးက လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဈေးကွက် စီးပွားရေးစနစ်တွင် MSMEများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဈေးကွက် ချိတ် ဆက်နိုင်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးမှုတို့ကလည်း အသက်သွေးကြောကဲ့သို့ အလွန် အရေးပါ သည့်အတွက် ဒေသအသီးသီးတွင် ဈေးကွက်များ၊ ကုန်စည်အဝယ်ဒိုင်များ ဖွံ့ဖြိုး လာစေရေး သက်ဆိုင်ရာအေဂျင်စီ အသီးသီးက ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊

ထို့ပြင် MSME လုပ်ငန်းအတွက် အဓိကလိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်လုပ်သားများရရှိရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ ကျွမ်းကျင်သင်တန်းများ ဆက်လက် ပြုလုပ်ပေးရမည် ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ သင်တန်းအမျိုးအစားပေါင်း(၃၅၀)ခု၊ ဖွင့်လှစ်ပြီး အကြိမ်ရေ (၄,၃၉၅)ခု၊ တက်ရောက်ပြီး သင်တန်းသား စုစုပေါင်း (၉၁,၈၀၇)ဦး ရှိပြီး တက်ရောက်ဆဲ သင်တန်းသား စုစုပေါင်း(၃,၈၆၂)ဦးရှိကြောင်းကို တွေ့ရှိရကြောင်း၊ ဆက်လက်၍လည်း သက်ဆိုင်ရာ လုပ်ငန်းအလိုက်၊ ကဏ္ဍအလိုက် ကျွမ်းကျင် လုပ်သားများ တိုးတက်ရရှိရေးအတွက် ဆက်လက်အားပေးဆောင် ရွက်သွားကြရန် ပြောကြားလိုကြောင်း။

ယခင်လုပ်ငန်းကော်မတီ အစည်းအဝေးများတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အလားအလာရှိသည့် ထုတ်ကုန်ပစ္စည်းများကို OROP Action Plan တွင်  အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ MSME အားပေး မြှင့်တင်ရေးအစီအစဉ်များ၊ စက်မှုချိတ်ဆက်ဆောင်ရွက်မှု အစီအစဉ်များ၊ MSME လုပ်ငန်းရှင်များနှင့် စက်မှုဇုန်များ ချိတ်ဆက်ဆောင်ရွက်ရေးနှင့် MSME ပြပွဲ ပြိုင်ပွဲများ တွင် Digital Corner များ ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို လုပ်ငန်းကော်မတီအဖွဲ့ဝင် များအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက် အခဲများ၊ အားသာချက်၊ အားနည်းချက်များကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေး ပေးစေလိုကြောင်း။

MSME များကို အားပေးမြှင့်တင်ပေးရေး ဆောင်ရွက်ရာတွင် သေချာ သည့်ကုန်ကြမ်း၊ လိုအပ်သည့်သွင်းအားစု၊ နည်းပညာ၊ ငွေကြေးအရင်းအနှီး ထောက်ပံ့ ပေးမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အခြေခံအုတ်မြစ် သဖွယ် အလေးထား စီမံပံ့ပိုးပေးသွားရမည် ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးရာတွင်လည်း MSME များ အမှန်တကယ် လိုအပ်သည့် ကျွမ်းကျင်လုပ်သားများကို TVET အစီအစဉ်များဖြင့် မွေးထုတ်ပေးခြင်းနှင့် ခေတ်နှင့်အညီလိုအပ်လာသည့် ကျွမ်းကျင်မှုများ ဆောင်ရွက်ပေးကြမည် ဖြစ်ကြောင်း။

ခြုံငုံဆွေးနွေးရပါက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျောရိုးမှာ ထုတ်လုပ်မှုကဏ္ဍဖြစ်သည်ကို တွေ့ရကြောင်း၊ ကောင်းမွန်စွာ လည် ပတ်လျက်ရှိသည့် ကုန်ထုတ်လုပ်မှုကဏ္ဍတစ်ရပ်သည် အရည်အသွေးမြင့်မားပြီး ဆင်းရဲ နွမ်းပါးမှု လျော့ချပေးနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးနိုင်မည် ဖြစ်သကဲ့သို့ ကုန်ထုတ်စွမ်းအားတိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း။

ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ရေးအတွက်ကိုလည်း ကောင်းမွန်စွာ လည်ပတ်နေသည့် MSME လုပ်ငန်းများက များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ ထုတ်လုပ်မှု အခန်း ကဏ္ဍ ယခုထက် မြင့်မားတိုးတက်ရေးအတွက် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များကို လုပ်ငန်းကော်မတီမှ တစ်ဆင့် နိုင်ငံတော်အစိုးရမှ ထုတ်လုပ်မှုကဏ္ဍစီမံချက်ကို မူဝါဒမှတစ်ဆင့် စီမံချက်ရေးဆွဲနိုင် ရန်အတွက် ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာအသင်းအဖွဲ့အစည်းများတွင် ရှိသည့် ကျွမ်းကျင်သူများနှင့် ပညာရှင်များက  ထုတ်လုပ်မှုကဏ္ဍအတွက် လိုအပ်သည့်  သုသေ သနလုပ်ငန်းများ  လုပ်ဆောင်သွားရန်လိုကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ယခု အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးပေးကြစေလိုကြောင်း၊

မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်နေသည် နိုင်ငံ ဖြစ်ပြီး နိုင်ငံအတွက်လိုအပ်သည့် ထုတ်ကုန်များကို အပြည့်အဝ ထုတ်လုပ်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီများမှ မူဝါဒဆိုင်ရာ လမ်းညွှန်မှာကြားချက်များအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရနှင့် အေဂျင်စီများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များက တာဝန်ခံမှု၊ တာဝန်ယူမှုတို့ဖြင့် ထိထိ ရောက်ရောက် အကောင် အထည်ဖော် ဆောင်ရွက်ပြီး  MSME ကဏ္ဍဖွံ့ဖြိုးတိုးတက် အောင် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များကို လုပ်ငန်းကော်မတီနှင့် နိုင်ငံတော်အစိုးရက ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် အချက်များကိုလည်း ထည့်သွင်းဆွေးနွေးပေးကြရန် လိုကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရင်မောင်ညွန့် က လုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၃) အစည်း အဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အေဂျင်စီဥက္ကဋ္ဌ စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံ ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည် နယ်တို့မှ ဝန်ကြီးချုပ်များက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသို့ တင်ပြမည့်အမှာစာများကို ဖတ် ကြားတင်ပြကြသည်။

ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ထုတ်ချေးထားသည့် ငွေကြေးဆိုင်ရာ အချက်အလက်များ နှင့် ချေးငွေဆိုင်ရာစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး   ဒေါက်တာချာလီသန်းက MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင် ရွက်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များ၊ မိန့်မှတ် ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိ နှိုင်းပြီး လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဦးထွန်းအုံနှင့် ဒေါက်တာ မျိုးသိန်းကျော်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ငန်းဆောင် ရွက်ချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြ ကြသည်။

ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ရှင်းလင်းဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးအပြီးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခင်ကျင်းပြသ ထားသည့် စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ထုတ်ကုန်ပစ္စည်းများ ကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။