ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

 

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်  မတ်  ၂၀

    မျိုးဆက်သစ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဘောလုံးအား ကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် (၃)တို့တွင် ကျင်းပခဲ့သည်။

ယနေ့ အမျိုးသား ဘောလုံး အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေး ကွင်းအမှတ်(၁)တွင် မကွေးတိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ  ကချင်ပြည်နယ် အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၂ ဂိုး ၁ ဂိုး ဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်း အမှတ် (၃)တွင် မွန်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပဲခူးတိုင်းဒေသကြီး အသင်းက မွန်ပြည်နယ် အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်(ယနေ့) ညနေ  ၃ နာရီခွဲတွင် ပြည်နယ်နှင့်တိုင်း ဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ် အဖြစ် လေ့ကျင့်ရေးကွင်း အမှတ်(၁)တွင် ရခိုင်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ် အသင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)တွင် ရန်ကုန်တိုင်း ဒေသကြီး အသင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးအသင်းတို့    ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍ အားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။