ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ

 

ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ

 

ရန်ကုန်  မတ်  ၂၃

    ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

အခမ်းအနားတွင်   ရွှေတိဂုံစေတီတော်ရင်ပြင်     ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ စတင်၍  ဘုရားအမှူးပြုသော ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတိယင်္ဂဏသြဝါဒါစရိယ ဆရာတော်ကြီးများအပါအဝင်   ပင့်သံဃာတော် ၁၂၁ ပါး၊ သီလရှင် ၂၇ ပါး  စုစုပေါင်း ၁၄၉ ပါးတို့က    ရွှေတိဂုံစေတီတော်ရင်ပြင်၌    လက်ယာရစ် တစ်ပတ် ဆွမ်းဆန်တော် ခံယူတော်မူကြရာ    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ဂေါပကအဖွဲ့များ၊   ဘာသာရေး အသင်းအဖွဲ့များနှင့် အလှူရှင်များက ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။