ညောင်ရွှေမြို့၌ နွေရာသီအခြေခံ အားကစားသင်တန်းများ သင်တန်းဆင်းပွဲ ကျင်းပ

 

ညောင်ရွှေမြို့၌ နွေရာသီအခြေခံ အားကစားသင်တန်းများ သင်တန်းဆင်းပွဲ ကျင်းပ

 

ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်ကို   အကျိုးရှိစွာ အသုံး ချတတ်စေရန်၊   မိမိစိတ်ပါဝင်စားသည့် အားကစားနည်းအလိုက် အခြေခံမှစ၍ စနစ်တကျတတ်မြောက်စေရန်၊ ထူးချွန် ထက်မြက်သည့် မျိုးဆက်သစ် လက်ရွေးစင် အားကစားသမားများ ပေါ်ထွန်းလာစေရန် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် နွေရာသီအခြေခံ အားကစားသင်တန်းများ သင်တန်းဆင်းပွဲကို မတ်လ ၂၃ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့ရှိ မိုးလုံလေလုံအားကစား ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် ဒုတိယမြို့နယ် ပညာရေးမှူး  ဦးဝင်းကြိုင်တို့က  အမှာစကားပြောကြားကြသည်။

ထို့နောက် တိုက်ကွမ်ဒိုသင်တန်းသား၊ သင်တန်းသူများ၊ အေရိုးဗစ်  သင်တန်းသူများနှင့် ဗိုဗီနမ်သင်တန်းသား၊ သင်တန်းသူများက အားကစားနည်းအလိုက် သရုပ်ပြတင်ဆက်ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်     တာဝန်ရှိသူများက အားကစားနည်း အလိုက် သင်တန်းဆင်းလက်မှတ်များ၊  ထူးချွန်သင်တန်းသား၊ သင်တန်းသူများနှင့်    သင်တန်းနည်းပြများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး    စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ  နွေရာသီအခြေခံအားကစား သင်တန်းများတွင် တိုက်ကွမ်ဒို၊ အေရိုးဗစ်၊ ဗိုဗီနမ်၊ စားပွဲတင်တင်းနစ်နှင့် ဘောလုံး အားကစားနည်းများကို မတ်လ ၄ ရက်မှ  ၂၃  ရက်အထိ  သင်ကြားပို့ချပေးခဲ့ပြီး    သင်တန်းအမျိုးအစားငါးခုတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။