(၆၄)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်

 

 (၆၄)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်

 

နေပြည်တော်  မတ်  ၂၃

    (၆၄) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅)၌ ကျင်းပရာ အခမ်းအနားသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့်  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းနယ်ပယ်နှင့် သက်ဆိုင်သော ဌာနများမှ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ် မတ်လ ၂၃ ရက်ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်ပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ်၊ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်မှာ “ရာသီဥတုကောင်းမွန်ရေး အလေးထား ဆောင်ရွက်ပေး   “(At the Frontline ofClimate Action)”ဖြစ်ပါကြောင်း၊ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးလေဝသ၊ ဇလဗေဒနှင့်   ရာသီဥတုဆိုင်ရာ အစွန်းရောက်ဖြစ်စဉ်များသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ပိုမိုဖြစ်ပွားလာလျက်ရှိရာ အထူးသဖြင့် ကျွန်းနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံရဆုံးဖြစ်ပါကြောင်း၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် ((World Meteorological Organization -WMO)) ၏ ထုတ်ပြန်ချက်များအရ  ၂၀၂၃  ခုနှစ်သည် နှစ်ပေါင်း ၁၇၄ နှစ်အတွင်း ကမ္ဘာ့အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ထားပါကြောင်း။

 ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၉) နှစ်တာကာလသည် အပူဆုံး(၉)နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါကြောင်း၊ အပူချိန်မြင့်တက်လာမှုများကြောင့် သမုဒ္ဒရာများ ပူနွေးလာခြင်း၊ ရေခဲတောင်များနှင့် ရေခဲလွှာများ အရည်ပျော်ခြင်းတို့ ဖြစ်ပေါ်စေပြီး ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်သည် ၁၉၉၃ ခုနှစ်မှ ယနေ့အချိန်အထိ မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်တွင် စံချိန်တင် မြင့်တက်လာပါကြောင်း၊ ထို့ပြင်  ၂၀၂၃-၂၀၂၄  ခုနှစ်သည်  အားအသင့်အတင့်မှ အားကောင်းသော အယ်လ်နီညိုနှစ်ဖြစ်ပြီး  ၂၀၂၃ ခုနှစ်တွင် အပူချိန် စံချိန်သစ်များ တင်ခဲ့ကာ ၂၀၂၄ ခုနှစ်သည်လည်း ၂၀၂၃ ခုနှစ်ထက် ပိုမိုပူပြင်း လာနိုင်မည်ဟု ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားပါကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်သည်    ကမ္ဘာအရပ်ရပ်ရှိ မိုးလေဝသနှင့် ရာသီဥတုဖြစ်စဉ်များအပေါ် သက်ရောက်လေ့ရှိသည့် အတွက် မြန်မာနိုင်ငံ အနေဖြင့်လည်း နွေကာလများတွင် ပူပြင်းခြောက်သွေ့ခြင်းနှင့် မိုးခေါင်၍ ရေရှားပါးမှု ပြဿနာများကြုံတွေ့ရခြင်း၊ မိုးကာလများတွင်  အနောက်တောင်မုတ်သုံလေ အဝင်နောက်ကျခြင်း၊ မုတ်သုံလေအင်အားနည်းခြင်း၊ မုတ်သုံမိုးနည်းခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း စသည့်အစွန်းရောက် မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ ပြဿနာများ ကြုံတွေ့ရတတ်ပါကြောင်း၊  ရာသီဥတုပြောင်းလဲမှုကြောင့် အစွန်းရောက်မိုးလေ ဝသဖြစ်စဉ်များနှင့်  ဘေးအန္တရာယ်များ လျော့ပါးသက်သာစေပြီး နောင်အနာဂတ်တွင်   ပိုမိုကောင်းမွန်သည့် ရာသီဥတုများ ပိုင်ဆိုင်နိုင်စေရန်   နိုင်ငံတွင်းသာမက ဒေသတွင်းနိုင်ငံများမှ အစိုးရအဖွဲ့အစည်းများ နှင့်အတူ  ပြည်သူများ၊  သက်ဆိုင်ရာ အဖွဲ့အစည်းများက  ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် လိုအပ်ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်လည်း မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များကို  ပိုမိုတိကျမှန်ကန်စွာ ထုတ်ပြန်ပေးနိုင်ရန်အတွက်  နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများကို ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်နှင့်အတူ  မိတ်ဖက်နိုင်ငံ များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ် Prof. CelesteSauloက ပေးပို့သော သဝဏ်လွှာဗီဒီယို နှင့် မိုးလေဝသနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ Video Clip တို့ကိုပြသခဲ့ပြီး ကမ္ဘာ့ မိုးလေဝသနေ့ အထိမ်းအမှတ် အခမ်းအနား ဆောင်းပါးပြိုင်ပွဲတွင်   ပထမ၊  ဒုတိယ၊ တတိယဆု ရရှိသူများကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဆုများချီးမြှင့် ပေးအပ်ပြီး ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့်အတူ ခင်းကျင်းပြသထားသော မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အထိမ်းအမှတ်ပြခန်းကို လှည့်လည် ကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်ဘာသာရပ်ဆိုင်ရာ စာတမ်း (၁၅)  စောင်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ အရာထမ်း/အမှုထမ်းများက ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။