ကြက်သွန်နီတင်ပို့မှု တားမြစ်ချက်ကို အိန္ဒိယ သက်တမ်းတိုး

 

ကြက်သွန်နီတင်ပို့မှု တားမြစ်ချက်ကို အိန္ဒိယ သက်တမ်းတိုး

 

    အိန္ဒိယနိုင်ငံက   ကြက်သွန်နီ တင်ပို့မှုတားမြစ်ချက်ကို   နောက်ထပ် အမိန့်မထုတ်ပြန်မီအချိန်အထိ   သက်တမ်းတိုးလိုက်ကြောင်း သိရသည်။

အိန္ဒိယအစိုးရက ပြည်ပသို့ကြက်သွန်နီ တင်ပို့မှုတားမြစ်သည့် ကာလကို ယခင်က မတ်လကုန်အထိ သတ်မှတ်ထားခြင်းဖြစ်သည်။

သို့သော် မတ်လ၂၂ ရက် ညနေပိုင်းတွင်မူ အစိုးရထံမှ နောက်ထပ်အမိန့်မရမချင်း ပြည်ပသို့ကြက်သွန်နီ တင်ပို့မှုကို ဆက်လက်တားမြစ်ကြောင်း   ပြည်ပကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ်ရုံးက ထုတ်ပြန်လာသည်။

ပြည်တွင်း၌ ကြက်သွန်နီစားသုံးမှု ဖူလုံမှုရှိစေရန်နှင့် ပြည်တွင်းဈေးကွက် တည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ အိန္ဒိယအစိုးရက ပြည်ပသို့ကြက်သွန်နီ တင်ပို့မှုကို တားမြစ်ထားခြင်းဖြစ်သည်။

အဆိုပါ  ကြက်သွန်နီတင်ပို့မှု တားမြစ်ချက်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက   စတင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။