(၃၁)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးများ အဆင့် အစည်းအဝေး တက်ရောက်ရန် ဒုတိယဝန်ကြီးဒေါ်နုမြဇံ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံသို့ ထွက်ခွာ

 

 (၃၁)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးများ အဆင့် အစည်းအဝေး တက်ရောက်ရန် ဒုတိယဝန်ကြီးဒေါ်နုမြဇံ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန် မတ် ၂၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ကြီးမှူး၍ မတ်လ ၂၃ ရက်မှ ၂၆ ရက်အထိ လာအိုနိုင်ငံ လွမ်ပရာဘန်မြို့၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေး (The 31st Meeting of the ASEAN Socio-Cultural Community (ASCC) Council)သို့  တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဒုတိယဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို   သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ  လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြပြီး ဝန်ကြီးများအဆင့် အစည်းအဝေးမတိုင်မီ အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးသို့  တက်ရောက်ရန် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ   ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၂၁ ရက်တွင် ကြိုတင်ထွက်ခွာ သွားကြောင်း သိရသည်။