ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်က နိုင်ငံတကာ ခြေစမ်းပွဲစဉ်အပြီးတွင် ကစားသမားခုနစ်ဦးကို သက်ဆိုင်ရာကလပ် အသင်းများထံ ပြန်လည်စေလွှတ်

 

ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်က နိုင်ငံတကာ ခြေစမ်းပွဲစဉ်အပြီးတွင် ကစားသမားခုနစ်ဦးကို သက်ဆိုင်ရာကလပ် အသင်းများထံ ပြန်လည်စေလွှတ်

 

    ပေါ်တူဂီအသင်းနည်းပြ   မာတီနက်ဇ်က   ဆွီဒင် အသင်းနှင့် ပေါ်တူဂီအသင်းကစားသည့်    နိုင်ငံတကာ ခြေစမ်းပွဲစဉ်အပြီးတွင် အသင်းမှ ကစားသမားခုနစ်ဦးကို  သက်ဆိုင်ရာ ကလပ်အသင်းများထံ  ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ကစားသည့် ပေါ်တူဂီ အသင်းက ဆွီဒင်အသင်းကို ၅ ဂိုး- ဂိုးမရှိဖြင့် အနိုင် ရရှိသည့်ပွဲအပြီး နောက်ထပ်ခြေစမ်းပွဲအဖြစ် ဆလိုဗေး နီးယားအသင်းနှင့် ကစားရန်   ကျန်ရှိနေသေးသော်လည်း   နည်းပြမာတီနက်ဇ်က   ကလပ်အသင်းများ အတွက်   ထိခိုက်မှုမရှိစေရန်   ကစားသမားများကို ပြန်လည်စေလွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

နည်းပြမာတီနက်ဇ်က    ဆွီဒင်အသင်းနှင့်ပွဲအပြီး တွင် မန်ယူအသင်းမှ ဖာနန်ဒက်ဇ်၊ မန်စီးတီးအသင်း မှ ဆေးလ်ဗားနှင့် ရူဘင်ဒီယက်ဇ်၊ အေစီမီလန်အသင်း မှ လီအို၊ ဖူလ်ဟမ်အသင်းမှ ပယ်လင်ဟာ၊ ဝုဗ်အသင်း မှ   ဆီမီဒိုနှင့်  ပီအက်စ်ဂျီအသင်းမှ    ရာမို့စ်တို့ကို သက်ဆိုင်ရာ ကလပ်အသင်းများထံ ပြန်လည်စေလွှတ် ပေးခဲ့ခြင်းဖြစ်သည်။

ပေါ်တူဂီအသင်းသည်    နိုင်ငံတကာပွဲစဉ်ကာလ တွင် ကစားသမားများ ပွဲဆက်ကစားမှုများကို လျှော့ချသည့်အနေဖြင့်   ကစားသမားများကို   သက်ဆိုင်ရာ ကလပ်အသင်းများထံ ဆောလျင်စွာ ပြန်လည်စေလွှတ် ပေးလေ့ရှိပြီး ဒုတိယမြောက် ခြေစမ်းပွဲစဉ်အဖြစ် မတ်လ  ၂၇ ရက်တွင် ဆလိုဗေးနီးယား အသင်းနှင့် ကစားမည် ဖြစ်ကြောင်း သိရသည်။