တိုကျို၌ ပြင်းထန်ဗက်တီးရီးယား ကူးစက်မှုအတွက် အစိုးရက သတိပေးချက် ထုတ်ပြန်

 

တိုကျို၌ ပြင်းထန်ဗက်တီးရီးယား ကူးစက်မှုအတွက် အစိုးရက သတိပေးချက် ထုတ်ပြန်

 

    ဂျပန်နိုင်ငံ တိုကျိုမြို့၌ ပြင်းထန် ဗက်တီးရီးယား ကူးစက်မှုအတွက် အစိုးရက သတိပေး ချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါကူးစက်မှုမှာ streptococcal toxic shock syndrome (STSS)ဟု အမည်ရသည့် ဗက်တီးရီးယား ကူးစက်မှုဖြစ်ပြီး ထိုသို့ကူးစက်မှုက ရှားပါးသော်လည်း ပြင်းထန်ကြောင်း အစိုးရ၏ မတ်လ ၂၅ ရက် သတိပေးချက်တွင် ဖော်ပြထားသည်။

ယခုနှစ်ကူးစက်မှုမှာ  ပြီးခဲ့သည့်နှစ် ကူးစက်မှုပမာဏထက် ထက်ဝက်ကျော်ကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ တိုကျိုမြို့တစ်မြို့တည်း၌ပင် ဗက်တီးရီးယား ကူးစက်မှုဖြစ်ပွားသူ  ၈၈  ဦးရှိကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့်မူ ၅၁၇ ဦးရှိကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုက ဖော်ပြထားသည်။

အဆိုပါ  ဗက်တီးရီးယား ကူးစက်မှုမှာ အသားစားရောဂါပိုး တစ်မျိုးဖြစ်ပြီး တစ်သျှူး များပုပ်ပွခြင်းကို ဖြစ်စေနိုင်ကြောင်း၊ ပြီးခဲ့သည့်နှစ်စာရင်းများအရ သေဆုံးနိုင်ခြေ ၃၀ ရာခိုင်နှုန်းရှိကြောင်း တိုကျိုမြို့တာဝန်ရှိသူများ ကပြောသည်။