ဂျာမနီအသင်း လူငယ်ကစားသမား ဖလော်ရီယန်ဝက်ဇ်၏ အမြန်ဆုံး သွင်းဂိုးစံချိန်ကို သြစတြီးယားအသင်း တိုက်စစ်မှူး ခရစ်တော့ဖ်ဘောင်းဂတ်နာ ကျော်ဖြတ်

 

ဂျာမနီအသင်း လူငယ်ကစားသမား ဖလော်ရီယန်ဝက်ဇ်၏ အမြန်ဆုံး သွင်းဂိုးစံချိန်ကို သြစတြီးယားအသင်း တိုက်စစ်မှူး ခရစ်တော့ဖ်ဘောင်းဂတ်နာ ကျော်ဖြတ်

 

သြစတြီးယားအသင်း     တိုက်စစ်ကစားသမား ခရစ်တော့ဖ်ဘောင်းဂတ်နာသည် ဂျာမနီအသင်းလူငယ် ကွင်းလယ်ကစားသမား ဖလော်ရီယန်ဝက်ဇ်၏ အမြန် ဆုံးသွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာခြေစမ်းပွဲအဖြစ် ကစားခဲ့သည့် သြစတြီးယား အသင်းက ဆလိုဗက်ကီးယား အသင်းကို ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသည့် ပွဲစဉ်တွင် ခရစ်တော့ဖ် ဘောင်းဂတ်နာသည်  ပွဲစပြီး  ၆ စက္ကန့်တွင်  ဆလို ဗက်ကီးယားအသင်း ဂိုးဧရိယာထိပ်မှ ဦးဆောင်ဂိုးသွင်း ယူနိုင်ပြီးနောက်     ဖလော်ရီယန်ဝက်ဇ်၏ စံချိန်ကို တစ်စက္ကန့်အသာဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဖလော်ရီယန်ဝက်ဇ်သည်   နိုင်ငံတကာ ခြေစမ်းပွဲ အဖြစ် ကစားခဲ့သည့် ဂျာမနီအသင်းက ပြင်သစ်အသင်း ကို ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသည့် ပွဲစဉ်တွင် ဖလော် ရီယန်ဝက်ဇ်သည် ပွဲချိန် ၇ စက္ကန့်တွင် အသင်းဖော် တိုနီခရူးစ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့ ပြီးနောက်  ဂျာမနီအသင်း သမိုင်းတစ်လျှောက် အမြန်ဆုံး သွင်းဂိုးအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၄ နှစ်အရွယ် လိုက်ပဇစ်အသင်း တိုက်စစ် ကစားသမား    ခရစ်တော့ဖ်ဘောင်းဂတ်နာသည် သြစတြီးယား အသင်းနှင့်အတူ     နိုင်ငံတကာပြိုင်ပွဲစုံ ၃၅ ပွဲကစားခဲ့ပြီး ၁၂ ဂိုး သွင်းယူနိုင်ခဲ့ကာ သြစတြီးယား အသင်း၏     အမြန်ဆုံးသွင်းဂိုး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။