လားရှိုးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

 

လားရှိုးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၂၆

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ခေးနင်းအဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာနှင့် အောင်သစ္စာ(တာပုံ)စစ်မှုထမ်းဟောင်းအိမ်ရာတို့မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နှင့်တာဝန်ရှိသူများက အဆိုပါ စစ်မှုထမ်းဟောင်းအိမ်ရာများ၌ သွားရောက် တွေ့ဆုံသည်။

     ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင် များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် အားပေးစကား ပြောကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ခေးနင်းစစ်မှုထမ်းဟောင်း အိမ်ရာဝန်းအတွင်း စစ်မှုထမ်းဟောင်း အိမ်ရာ တည်ဆောက်နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

    ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား  လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။