(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့နယ်၊ နောင်ငင်း- ဝမ်ဆိုင်း(လွယ်)ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်

 

(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့နယ်၊ နောင်ငင်း- ဝမ်ဆိုင်း(လွယ်)ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၂၆

     (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်ငင်း- ဝမ်ဆိုင်း(လွယ်)ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ လမ်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

     ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ကွန်ကရစ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက နောင်ငင်း- ဝမ်ဆိုင်း(လွယ်) ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ကျေးဇူးတင် စကားပြောကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အရှည် ၈ မိုင်၊ ၃ ဖာလုံ၊ အကျယ် ၁၂ ပေနှင့် ထု ၇ လက်မရှိသော ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လမ်းဖောက်လုပ် ထားရှိမှု အခြေအနေများအား ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။