မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်

 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၂၆

     မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်း တမံ  ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ် ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

      ဦးစွာ ပြည်နယ် ဝန်ကြီးချုပ် က အမှာစကားပြောကြားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၁၀၀၀ ကိုလည်းကောင်း၊ ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများကိုလည်းကောင်း အသီးသီး ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။