နယ်စပ်ရေးရာဝန်ကြီးဌာနမှ လဲချားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး    

 

နယ်စပ်ရေးရာဝန်ကြီးဌာနမှ လဲချားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး    

 

နေပြည်တော်  မတ်  ၂၆ 

    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်   တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် ၃၃၂ ဒသမ ၁၈၄ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် လဲချားမြို့နယ် ဝမ်ပန်- နောင်ယာဆိုင်း-ဝမ်ကျောင်းလမ်း ၅ မိုင်အနက် ၂ မိုင် အပြီးသတ် ကျောက်လမ်းခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်သည်။

အဆိုပါလမ်း  ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဒေသခံကျေးရွာ ၇ ရွာမှ လူဦးရေ ၄၅၀၂ ဦး လမ်းပန်းဆက်သွယ် သွားလာမှု ပိုမိုကောင်းမွန်လာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။