ရမည်းသင်း၊ ဒေါပုံနှင့်ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

ရမည်းသင်း၊ ဒေါပုံနှင့်ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်  မတ် ၂၉

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း  အဖွဲ့သည် မတ်လ ၂၆ ရက် ၆ နာရီခွဲတွင်   ရမည်းသင်းမြို့နယ်၊   နမ့်အင်းကျေးရွာအုပ်စု၊ နန်းခွဲကျေးရွာအနီးတွင် မောင်ကြီး နှင့် ဦးပီးတို့ကို မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဘိန်းစိမ်း ၇၈ ဒသမ ၄ ကီလို၊ မြန်မာငွေကျပ် ၆ ဒသမ ၄ သိန်းကို လည်းကောင်း။

မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ မေတ္တာလမ်းရှိ    မခင်ခင်စု၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၃၂၄၀၀ ကို လည်းကောင်း၊  ထိုနေ့ ည ၆ နာရီ မိနစ် ၅၀ တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊  ဟိုခိုကျေးရွာရှိ အိုက်ဆိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများဆိုင်ရာ ဥပဒေအရ  အရေးယူထားကြောင်း သိရသည်။