နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်သူများကို FSB ဖော်ထုတ်ဖမ်းဆီး

 

နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်သူများကို  FSB ဖော်ထုတ်ဖမ်းဆီး

 

ရုရှားနိုင်ငံတောင်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ် လုပ်ဆောင်ရန် ကြံစည် ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရုရှားပြည်တွင်း ထောက်လှမ်းရေးအေဂျင်စီ (FSB) က ထုတ်ပြန်သည်။

အကြမ်းဖက်သမားများသည်  နိုင်ငံတောင်ပိုင်း စတက်ဗ်ရိုပိုဒေသအတွင်း ဗုံးခွဲ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ရုရှားထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ က စီးနင်းမှုတစ်ခုအတွင်း၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း FSB က မတ်လ၂၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထား သည်။ စီးနင်းမှုအတွင်း အကြမ်းဖက်သမား သုံးဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့သည် ဗဟို အာရှရှိ  နိုင်ငံတစ်နိုင်ငံမှ   နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် အကြမ်းဖက်သမားများသည် စတက်ဗ်ရိုပိုဒေသရှိ လူစည်ကား ရာနေရာ တစ်ခု၌ ဗုံးခွဲတိုက်ခိုက်၍ အကြမ်းဖက်မှုလုပ်ဆောင်ရန် ကြိုးပမ်းခဲ့ကြောင်း FSBအဖွဲ့က ထုတ်ပြန်ထားသည်။

FSB အဖွဲ့၏စီးနင်းမှုအတွင်း အကြမ်းဖက်သမားများနှင့်အတူ    လက်လုပ်ဗုံး ထုတ်လုပ်ရာတွင်  အသုံးပြုသည့်  ဓာတုပစ္စည်းများနှင့် အခြားပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။