အစ္စရေးထောက်လှမ်းရေး အေဂျင်စီတစ်ဦးကို လက်နက်ခဲယမ်းများ ရောင်းချသည့် မလေးရှားဇနီး မောင်နှံနှစ်ဦးအား ရဲတပ်ဖွဲ့ဖမ်းဆီး

 

အစ္စရေးထောက်လှမ်းရေး အေဂျင်စီတစ်ဦးကို လက်နက်ခဲယမ်းများ ရောင်းချသည့် မလေးရှားဇနီး မောင်နှံနှစ်ဦးအား ရဲတပ်ဖွဲ့ဖမ်းဆီး

 

အစ္စရေးထောက်လှမ်းရေး  အေဂျင်စီတစ်ဦးကို လက်နက်ခဲယမ်းများ ရောင်းချခဲ့သည့်  မလေးရှားနိုင်ငံသားဇနီးမောင်နှံနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်းမီဒီယာတစ်ခုက  မတ်လ ၃၀ ရက်တွင် ထုတ်ပြန်သည်။

မလေးရှားရဲတပ်ဖွဲ့သည် အသက် ၃၆ နှစ်အရွယ်ရှိ  အဆိုပါအစ္စရေး နိုင်ငံသားအား ကွာလာလမ်ပူမြို့၊ ဂျာလန်အမ်ပန်ဒေသရှိ ဟိုတယ်တစ်ခုတွင်  မတ်လ ၂၇  ရက်က ပစ္စတိုများနှင့် ခဲယမ်းများ သယ်ဆောင်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အမည်ဖော်ပြထားခြင်းမရှိသည့်   အစ္စရေးနိုင်ငံသားသည် မိသားစုအတွင်း ဖြစ်ပွားသည့် အငြင်းပွားမှုကြောင့် အခြားအစ္စရေးနိုင်ငံသား တစ်ဦးကို ရှာဖွေသတ်ဖြတ်ရန်အတွက်   ပြင်သစ်နိုင်ငံကူး လက်မှတ်ကိုအသုံးပြု၍   မလေးရှားနိုင်ငံသို့ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ တစ်ဆင့်    ဝင်ရောက်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ယင်းအမျိုးသားသည် ၎င်း၏အစ္စရေးနိုင်ငံကူး လက်မှတ်ကို  မလေးရှား အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိခဲ့သည့်  လက်နက်များကို အဆိုပါ အမျိုးသားက    မလေးရှားနိုင်ငံ အတွင်း၌  ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ၎င်းလက်နက်များအား သိမ်းဆည်းရမိချိန်တွင်  သေနတ်သုံးလက်တွင်  ကျည်ဆန်ထည့်ထားပြီး ဖြစ်ကြောင်း တွေ့ရှိရသည်။

ယင်းတရားမဝင် လက်နက်ရောင်းချမှုတွင်  အခြားမလေးရှား နိုင်ငံသားများပါဝင်နိုင်ဖွယ် ရှိကြောင်းနှင့် ရဲတပ်ဖွဲ့က     စုံစမ်းစစ်ဆေးမှုများကို  ပိုမိုတင်းကျပ် လုပ်ဆောင် လျက်ရှိကြောင်း   မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က   ပြောကြားထားကြောင်း သိရသည်။