ဂျကာတာမြို့ပြင်ရှိ လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား

 

ဂျကာတာမြို့ပြင်ရှိ လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား

 

    အင်ဒိုနီးရှားနိုင်ငံ   ဂျကာတာမြို့ပြင်ရှိ လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင် မတ်လ၃၀ ရက်က ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း  ဒေသတွင်း  ရုပ်သံသတင်းဌာန တစ်ခုက ထုတ်ပြန်သည်။

ပေါက်ကွဲမှုသည် မြို့တော်အပြင်ဘက် ဘေကာဆီဒေသရှိ   လက်နက်ခဲယမ်း သိုလှောင်ရုံတွင်    ဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်   ဆက်လက် ဖြစ်ပွားသည့်  မီးလောင်မှုအား  မီးသတ်တပ်ဖွဲ့ဝင်များက     ကြိုးပမ်းငြှိမ်းသတ်ခဲ့ရကြောင်း  ကွန်ပတ်ရုပ်သံက ထုတ်ပြန်သည်။ သို့ရာတွင် ပေါက်ကွဲမှုအတွင်း လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

လက်နက်ခဲယမ်းသိုလှောင်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာပိုင်အဖွဲ့က အနီးအနားရှိ  ဒေသခံပြည်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အင်ဒိုနီးရှား တပ်မတော်မှ တာဝန်ရှိသူတစ်ဦး ဖြစ်သူ ခရစ္စတိုမေဆီယန်တူနီက ရုပ်သံဌာန သို့ပြောကြားထားသည်။