နယ်သာလန်တွင် ဓားစာခံဖမ်းဆီးခဲ့သူကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး ဖမ်းဆီးခံထားရသူများအား ကယ်ဆယ်နိုင်ခဲ့

 

နယ်သာလန်တွင် ဓားစာခံဖမ်းဆီးခဲ့သူကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး  ဖမ်းဆီးခံထားရသူများအား ကယ်ဆယ်နိုင်ခဲ့

 

    နယ်သာလန်နိုင်ငံအလယ်ပိုင်းတွင် မတ်လ ၃၀ ရက်ကဖြစ်ပွားသည့်  ဓားစာခံဖမ်းဆီးမှု တစ်ရပ်ကို ရဲတပ်ဖွဲ့က  အဆုံးသတ်နိုင်ခဲ့ပြီး     ဓားစာခံဖမ်းဆီးခဲ့သူ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါဓားစာခံဖမ်းဆီးမှုသည် အီဒေမြို့ရှိ Petticoat စားသောက်ဆိုင်တွင်  မတ်လ ၃၀ ရက် နံနက်အစောပိုင်း၌ စတင်ခဲ့ခြင်းဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခံထားရသည့် ဓားစာခံ သုံးဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ ယင်းနောက် တစ်နာရီခန့်အကြာတွင် ဓားစာခံဖမ်းဆီး သူသည် ရဲတပ်ဖွဲ့ထံသို့ လက်နက်ချခဲ့ရာမှ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ တစ်ဦးကို   ထပ်မံကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဓားစာခံဖမ်းဆီးသူအား ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည်  ဓားစာခံဖမ်းဆီးထားခြင်းကို အဆုံးသတ်နိုင်ခဲ့သော်လည်း  စုံစမ်းစစ်ဆေးမှုများကို   ဆက်လက် လုပ်ဆောင်လျက်ရှိသည်။  ဓားစာခံဖမ်းဆီးသူသည် မည်သည့်အကြောင်းရင်းကြောင့်  စားသောက်ဆိုင်အတွင်းမှ လူများအား ဖမ်းဆီးခဲ့ရသည်ကို အတိအကျ မသိရသေးကြောင်းနှင့် ရဲတပ်ဖွဲ့ က အခင်းဖြစ်ပွားရာ နေရာအနီးရှိ ဒေသခံ များကို ရွှေ့ပြောင်းပေးခဲ့ကြောင်း   သိရသည်။