မန်ယူအသင်းက ကွင်းလယ်ကစားသမား ကက်စ်မဲရိုး၏နေရာ၌အစားထိုးရန် ဘိုင်ယန်မြူးနစ်အသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသည့် ကင်မစ်ချ်ကို ခေါ်ယူရန်ပြင်ဆင်နေ

မန်ယူအသင်းက ကွင်းလယ်ကစားသမား ကက်စ်မဲရိုး၏နေရာ၌အစားထိုးရန် ဘိုင်ယန်မြူးနစ်အသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသည့် ကင်မစ်ချ်ကို ခေါ်ယူရန်ပြင်ဆင်နေ

မန်ယူအသင်းက ကွင်းလယ်ကစားသမား ကက်စ်မဲရိုး၏နေရာ၌ အစားထိုးရန် ဘိုင်ယန်မြူးနစ်အသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့်    ကင်မစ်ချ်ကို ခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အသက် ၃၂ နှစ်အရွယ် ကက်စ်မဲရိုးသည် ၂၀၂၂ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ဘောလုံးရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်   အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သော်လည်း  ယခုဘောလုံးရာသီတွင် မကြာခဏဒဏ်ရာရရှိနေသည့်အတွက် မန်ယူအသင်းက လာမည့် နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတွင် ပြန်လည်ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် ကင်မစ်ချ်သည် ၂၀၁၅ ခုနှစ်က စတုဂတ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့  ပြောင်းရွှေ့ခဲ့ပြီးနောက် ဘောလုံးရာသီတိုင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး လက်ရှိအသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသည့် ကစားသမားတစ်ဦးဖြစ်သည်။

ကင်မစ်ချ်နှင့်    ဘိုင်ယန်မြူးနစ်အသင်းတို့စာချုပ် သက်တမ်းမှာ တစ်နှစ်သာကျန်ရှိပြီး ဘိုင်ယန်မြူးနစ် အသင်းက သက်တမ်းတိုး လိုနေသော်လည်း ကင်မစ်ချ်ကိုယ်တိုင်က   ငြင်းဆိုထားသည့်အတွက်  လာမည့် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဘိုင်ယန်မြူးနစ်အသင်းက ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Ref:Bild