နိုင်ငံ၏တရားဥပဒေကိုချိုးဖောက်သည့် အမေရိကန်နိုင်ငံသားနှစ်ဦးအား ဖမ်းဆီးဟု အာဖဂန်အစိုးရပြော

 

နိုင်ငံ၏တရားဥပဒေကိုချိုးဖောက်သည့် အမေရိကန်နိုင်ငံသားနှစ်ဦးအား ဖမ်းဆီးဟု အာဖဂန်အစိုးရပြော

အာဖဂန်အစိုးရသည်  နိုင်ငံ၏တရားဥပဒေကို ချိုးဖောက်ခဲ့သည့် အမေရိကန်နိုင်ငံသားနှစ်ဦးအား   ဖမ်းဆီးခဲ့သည်ဟု အတည်ပြု ပြောကြားထားကြောင်း ဒေသတွင်း မီဒီယာတစ်ခုက  မတ်လ  ၃၁  ရက်တွင် ဖော်ပြသည်။

အာဖဂန်အစိုးရသည် အမေရိကန်နိုင်ငံသားနှစ်ဦး အပါအဝင် နိုင်ငံ၏တရားဥပဒေကို ချိုးဖောက်ခဲ့သည့် နိုင်ငံခြားသား အများအပြားအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း အစိုးရအဖွဲ့မှ  ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်၏ ပြောဆိုချက်ကို ကိုးကား၍ အာဖဂန်အမျိုးသားရေဒီယိုနှင့် ရုပ်သံဌာနက ထုတ်ပြန်သည်။ သို့သော် ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသားများ၏ အသေးစိတ်   အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။

အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်လာသူ မည်သူမဆို နိုင်ငံ၏ တရားဥပဒေကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊   မိမိတို့နိုင်ငံ၏ ဥပဒေကို   ချိုးဖောက်သူမည်သူကိုမဆို ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ဇာဘီဟူလာ မူဂျာဟစ်က   ဆက်လက်ပြောကြားသည်။

အာဖဂန်နစ္စတန် နိုင်ငံအတွင်း ဖမ်းဆီးခံထားရသည့်  အမေရိကန်နိုင်ငံသားများ ပြန်လည် လွတ်မြောက်ရေး အတွက် ကြိုးပမ်းရန် သမ္မတဂျိုးဘိုင်ဒင်အား အမေရိကန် ပြည်သူအချို့က    တောင်းဆိုနေစဉ် အာဖဂန်အစိုးရ၏  ပြောကြားချက်ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Xinhua