ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံး

ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၀ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်း ပြည်နယ်အစိုးရအဖွဲ့က မတ် ၃၁ ရက်တွင် ထုတ်ပြန်သည်။

မိုးရွာသွန်းမှုများသည် ခိုင်ဘာပတ်တွန် ခဝါပြည်နယ်တွင် ပြီးခဲ့သည့်နှစ်ရက်မှစ၍ စတင်ခဲ့ခြင်းဖြစ်ပြီး မိုးသည်းထန်မှုကြောင့် အနည်းဆုံး လူနေအိမ် ၂၇ လုံးပျက်စီး သွားကြောင်းသိရသည်။ သေဆုံးသူများတွင် ကလေးသူငယ်ရှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပါဝင်သည်။

ထို့ပြင် ဒဏ်ရာရရှိသူများတွင် အမျိုး သမီးနှစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူများအား အာဏာပိုင်အဖွဲ့က  နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ရသူများကိုလည်း  ယာယီခိုနားဆောင်များသို့ ပို့ဆောင်ပေးခဲ့ပြီး လိုအပ်သည့်အရေးပေါ် အကူအညီများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ  ရွာသွန်းမှုကြောင့် အာဖဂန်နစ္စတန်နှင့် ထိစပ်နေသည့် နယ်စပ်ဒေသရှိ စိုက်ပျိုးမြေ ၁၅၀၀ ဧကပျက်စီးသွား သည့်အပြင် ဒေသအတွင်းရှိ တံတားများနှင့် အခြေခံအဆောက်အဦများလည်း ပျက်စီး သွားခဲ့ရကြောင်း သိရသည်။

Ref: Xinhua, Azertag