အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်အမျိုးသမီးရေးရာ အဖွဲ့အစည်းက ပြစ်တင်ရှုတ်ချ

အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်အမျိုးသမီးရေးရာ အဖွဲ့အစည်းက ပြစ်တင်ရှုတ်ချ

အမေရိကန်နှင့်  ဖိလစ်ပိုင်တို့အကြား နှစ်စဉ်ကျင်းပမြဲဖြစ်သည့်  စစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်အမျိုးသမီးရေးရာ အဖွဲ့အစည်းတစ်ခုက မတ်လ ၃၁ရက်တွင် ပြစ်တင်ရှုတ်ချ၍    အမေရိကန်တပ်များအား နိုင်ငံအတွင်းမှ မောင်းထုတ်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

ဖိလစ်ပိုင်အစိုးရအနေဖြင့် အမေရိကန်နှင့် လက်မှတ်ရေးထိုးထားသည့်  လက်နက်ကိုင်တပ်ဖွဲ့များ    အပြန်အလှန် လည်ပတ်ရေး သဘောတူညီချက်နှင့်  အမေရိကန်-ဖိလစ်ပိုင်  ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး သဘောတူညီချက် (EDCA) ကဲ့သို့သော  စစ်ရေးသဘောတူညီချက်များကို အဆုံးသတ်သင့်ကြောင်း  ဖိလစ်ပိုင်အမျိုးသမီးရေးရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် GABRIELA  မှ  အတွင်းရေးမှူးချုပ် ကလဲရစ်ပါ့စ်က  တောင်းဆိုထားသည်။

ထို့ပြင် ဖိလစ်ပိုင်အတွင်း၌ အမေရိကန်တပ်များ ဖြန့်ကြက်ထားခြင်းသည် ဖိလစ်ပိုင်နိုင်ငံသားများ၏ ဘေးကင်းမှု၊ လူမှုဘဝနှင့် အခွင့်အရေးဆုံးရှုံးမှုများကို   ဖြစ်ပေါ်စေသည်ကို သမိုင်းကြောင်းက  သက်သေပြလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အမေရိကန်နှင့်  ဖိလစ်ပိုင်နိုင်ငံတို့သည် နှစ်စဉ်ကျင်းပမြဲဖြစ်သည့်   Balikatan စစ်ရေးလေ့ကျင့်မှုကို ယခုနှစ် ဧပြီလ ၂၂ ရက်မှ မေလ ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။

Balikatan  စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်စစ်သည် အနည်းဆုံး ၁၁၀၀၀ နှင့်ဖိလစ်ပိုင်လက်နက်ကိုင် တပ်ဖွဲ့ဝင် ၅၀၀၀ခန့်ပါဝင်ရန် စီစဉ်ထားကြောင်း     သိရသည်။                     

     Ref: Xinhua