နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဧပြီ - ၁

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုမြို့ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။

လှိုက်လှဲနွေးထွေးစွာ ကြိုဆို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့် အမှတ်(၂)တပ်မတော် ရုပ်မြင် သံကြားထုတ်လွှင့်ရေးတပ်သို့ရောက်ရှိကြရာ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြဝတီရုပ်မြင်သံကြားမှဝန်ထမ်းများ၊ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို စတင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် မြဝတီစာပေတိုက်မှ ထုတ်ဝေလျက်ရှိသည့် တေဇရုပ်စုံစာစောင်နှင့် မိုးသောက်ပန်း ဂျာနယ်တို့အား Amuze Webtoon Application တွင် ထည့်သွင်းခြင်းတို့ကို Digital နည်းပညာအသုံးပြု၍ ဖွင့်လှစ်ပေးပြီး Amuze Webtoon Application တွင် ထည့်သွင်းခြင်း Video Clip ကို ကြည့်ရှုကြသည်။

ယင်းနောက် မြဝတီရုပ်မြင်သံကြားမှဝန်ထမ်းများက “အောင်လံလွှင့်ချီ ကကပြည်” တေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြပြီး (၇၇)နှစ်မြောက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး နှစ်ပတ်လည်နေ့ မှတ်တမ်းဗီဒီယိုကို ပြသသည်။

အဆိုပါ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားတပ်မတော် အရာရှိကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ပြည်သူ့ ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်၊ ကျောင်းများမှ နိုင်ငံတော် အဆင့်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ အစားခန့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဂုဏ်ပြုအမှာစကားပြောကြား

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် လွတ်လပ်ရေးကြိုးပမ်းမှုကာလကတည်းက မြန်မာ့တပ်မတော်နှင့်အတူ စတင်သန္ဓေ တည်ခဲ့သည့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးတပ်ဖွဲ့၏ ခရီးသည် ယနေ့ဆိုပါက (၇၇)နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ရှည်လျား သည့် သမိုင်းခရီးတစ်လျှောက် မဆုတ်မနစ်သောဇွဲ လုံ့လဝီရိယတို့နှင့် နိုင်ငံတော်နှင့် တပ်မတော်ကပေးအပ်လာသည့်တာဝန်များကို ကျရာအခန်းကဏ္ဍမှကြိုးပမ်း ထမ်းရွက်ခဲ့ ကြသည့် တပ်ဖွဲ့ဝင်များအားလုံး၏ စွမ်းဆောင်နိုင်ခဲ့မှုများအတွက် ဂုဏ်ယူအသိအမှတ် ပြုကြောင်းကို ပြောကြားလိုကြောင်း။

          ပြည်သူ့ဆက်ဆံရေး(Public Relation)ဆိုသည်မှာ စစ်ဘက်-နယ်ဘက် ဆက်ဆံရေးအထိ သက်ရောက်မှုရှိသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး  စိတ်ဓာတ်စစ်ဆင်ရေးဟူသည် တပ်မတော်(ကြည်း၊ရေ၊လေ) အင်အားစုကြီး တစ်ခုလုံးကို စိတ်ဓာတ်ဖြင့် တည်ဆောက်ခြင်း၊ ပြည်သူကြားက မွေးဖွားလာသော တပ်မတော်နှင့်ပြည်သူကို တစ်သားတည်း ဖြစ်စေခြင်းဆိုသည်အထိ စွမ်းပကားရှိကြောင်း၊  ပြည်သူ့ ဆက်ဆံရေး နှင့်စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့များသည် တပ်ဖွဲ့၏ရည်မှန်းချက်တာဝန်များဖြစ်သည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၊ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်းနှင့် စည်းရုံးရေး လုပ်ငန်းများကို ကျေပွန်အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက်  မိမိတို့ သိသင့်သိထိုက်သည့် အသိပညာများနှင့် တတ်ကျွမ်းရမည့် အတတ်ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာနေကြရမည် ဖြစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးတပ်ဖွဲ့ဝင်များပီပီ နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒများကို လေးနက်စွာ ခံယူနားလည်ပြီး    တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များနှင့် တိုင်းရင်း သား ပြည်သူတစ်ရပ်လုံးပါ နိုင်ငံချစ်စိတ်ပိုမိုမြင့်မားလာစေရေး၊ အမျိုးသားရေး ယုံကြည်ချက်၊ ခံယူချက်များ ပိုမိုတိုးတက်လာစေရေးတို့ကို တစိုက်မတ်မတ်ကြိုးပမ်း ထမ်းရွက်သွားကြရန်လိုကြောင်းကို အလေးအနက်ထား တိုက်တွန်းလိုကြောင်း။

          တာဝန်များကို ထမ်းဆောင်ရာတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးတပ်ဖွဲ့ဝင်များ၏ ပင်ကိုယ်ပါရမီနှင့် အသီးသီး  သင်ကြားတတ်မြောက်ထားသည့် စာပေ၊ ဂီတ၊ အနုပညာ၊ မီဒီယာဆိုင်ရာ အတတ်ပညာရပ်များဖြင့် တပ်မတော်သားများ နှင့် တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေး၊ တပ်တွင်းစည်းလုံး ညီညွတ်ရေး၊  ရှေ့တန်းရောက် တပ်မတော်သားများ၏ တိုက်ပွဲဝင်စိတ်ဓာတ်များ ရှင်သန်နိုးကြားစေရေးတို့အတွက်လည်း သမိုင်းအဆက်ဆက်မှ ယနေ့ထက်တိုင် ကျေပွန်စွာ ထမ်းဆောင် နေကြသည်ကို တွေ့မြင်နေရဆဲဖြစ်ကြောင်း။

အနုသုခုမနှင့်သာမက တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းများ အသီးသီးက လည်း တပ်မတော်(ကြည်း၊ ရေ၊‌ လေ) အရာရှိ၊စစ်သည်များ၏ တိုက်ပွဲဝင်စိတ်ဓာတ် မြင့်မားရေးကို အထူးအလေးထားဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ မကြာခင် စစ်မှုထမ်းကြတော့မည့် ပြည်သူ့စစ်မှုထမ်းများကိုလည်း တိုင်းချစ်ပြည်ချစ်စိတ်၊ နိုင်ငံတော်ကာကွယ်လိုစိတ် ထာဝရကိန်းအောင်းသွားစေရေး ဆောင်ရွက်သွားရန် လိုသကဲ့သို့ နောင်တာဝန်ထမ်းဆောင်ကြမယ့် မျိုးဆက်သစ်နိုင်ငံသားများကိုလည်း နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ကြမည် ဟူသည့် ခံယူချက်မျိုးဖြစ်လာရေး ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးတပ်များသည် စာပေ၊ ဂီတ၊ မီဒီယာ စသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြင့် အနုပညာဆိုင်ရာသဘောသဘာဝ အပေါ်အခြေခံပြီး ဖွဲ့စည်းထားသည့် တပ်ဖွဲ့များဖြစ်သောကြောင့် တပ်ဖွဲ့တွင်းစည်းလုံး ညီညွတ်မှုရှိစေရေးသည် အရေးကြီးကြောင်း၊ ပေးအပ်လာသည့် တာဝန်အရပ်ရပ်အပေါ် တစ်ဦးတစ်ယောက်ကောင်းအားထက် စုပေါင်းအားကို အဓိက မဏ္ဍိုင်ပြုပြီး    ကျေပွန် အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း၊ မှန်ကန်သည့်အသိ၊ ခိုင်မာသည့် ခံယူချက်ကောင်းများနှင့် မိမိတို့ကိုယ်စီ တတ်မြောက်ကျွမ်းကျင်ထားကြသည့် အတတ်ပညာစွမ်းအားများ ပေါင်းစပ်ပြီး နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေးအားမာန်များ ပိုမိုခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း။ 

          ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့များ၏ သမိုင်းနှင့် အစဉ် အလာကောင်းများကို ထိန်းသိမ်း စောင့်‌ရှောက်သွားကြပြီး တပ်ဖွဲ့၏မူလရည်မှန်းချက် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရန် နိုင်ငံတကာရေးရာနှင့် မျက်မှောက် ခေတ်အခြေအနေများကို မျက်ခြည်မပြတ် လေ့လာ နေကြရမည် ဖြစ်ကြောင်း၊ တပ်မတော်မှ နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် ကျရောက်လာမည့် မည်သည့် အန္တရာယ်မျိုးမဆို ကာကွယ်နေချိန်တွင် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ အနေဖြင့် တပ်မတော်မှအားကိုးရသည့် လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်စေရန် တပ်ဖွဲ့ဝင်တိုင်း၏ အသိ ပညာ၊ အတတ်ပညာ စွမ်းပကားများကို တိုးတက်အောင် စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အမျိုးသား ရေးမူဝါဒဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော် ရှေ့ဆက်သွားမည့်ခရီးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရန် လေးလေးနက်နက် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။    

ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်ကျောင်းများမှ နိုင်ငံတော် အဆင့်ပြည်တွင်းပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြ သူများအား ဆုများပေးအပ်ချီးမြှင့်ရာ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် “စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု ရရှိခဲ့သည့် ဗိုလ်မှူးတင်အောင်စိုး၊ ၂၀၂၂ ခုနှစ်၊ စာပေဗိမာန်စာမူဆု စာပဒေသာ(ပထမဆု)ရရှိသည့် ဗိုလ်ကြီး နေထွဋ်အောင်၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ် မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝါသနာရှင် ဒုတိယတန်းအဆင့်(အမျိုးသမီး) ပတ္တလား အတီးပြိုင်ပွဲ(ပထမဆု)နှင့် ဝါသနာရှင် ပထမတန်းအဆင့်(အမျိုးသမီး) စန္ဒရားအတီးပြိုင်ပွဲ (တတိယဆု)ရရှိသည့် ဒုတိယအရာခံဗိုလ် အစားခန့် ဒေါ်တင်ဇာအေးလွင်တို့က ဆုများ အသီးသီးလက်ခံ ရယူကြသည်။  

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးက နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လက်ဆောင်ကိုဂါရဝပြုပေးအပ် သည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုချီးမြှင့်ငွေကို ပေးအပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးက လက်ခံရယူသည်။

ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး(၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြဝတီတေးဂီတ အဖွဲ့နှင့်အတူ  ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိတပ်ဖွဲ့များမှ စစ်သည်၊ စစ်သမီးများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မှ အနုပညာရှင်များ၊ ရုပ်ရှင်နှင့်သဘင်ဂီတအနုပညာရှင်များ ပူးပေါင်း၍ ဂုဏ်ပြုဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။ ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဖျော်ဖြေရေး အဖွဲ့များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား Signing Booth တွင် အမှတ်တရလက်မှတ်ရေးထိုးကြပြီး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ်ခင်းကျင်းပြသထားသည့် ပညာရေးပြခန်း၊ အမှတ်(၁)တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်ပြခန်း၊ အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် ပြခန်း၊ အမှတ်(၁)တပ်မတော် အသံလွှင့်တပ်ပြခန်း၊ မြဝတီစာပေတိုက်ပြခန်း၊ မြဝတီ သတင်းစာတိုက်ပြခန်းနှင့် ရတနာပုံသတင်းစာတိုက်ပြခန်းတို့အား  လှည့်လည်ကြည့်ရှု ၍ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

 ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး အခမ်းအနားမှ ပြန်လည်ထွက်ခွာရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ကွပ်ကဲမှုအောက် မြဝတီရုပ်မြင်သံကြားမှဝန်ထမ်းများ၊ တာဝန်ရှိသူများက နှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။