MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် ကစား

 

MNL League Cup 2024  ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် ကစား

 

ရန်ကုန်  ဧပြီ  ၁

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသည့် MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

MNL League Cup 2024 ပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမစတင်မီ အကြိုပြိုင်ပွဲဖြစ် မြန်မာနေရှင်နယ်လိဂ်၊ မြန်မာနေရှင် နယ်လိဂ်-၂ နှင့် အပျော်တမ်း ကလပ်အသင်း များဖြင့် ကျင်းပခြင်းဖြစ်သည်။

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(C) အုပ်စုပွဲစဉ်များအဖြစ် ညနေ ၄ နာရီက  University အားကစားကွင်းတွင် ကစားခဲ့သည့် ဟံသာဝတီ ယူနိုက်တက်အသင်း နှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ပွဲစဉ် တွင် ဧရာဝတီယူနိုက်တက် အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ YUSC အားကစား ကွင်းတွင် ကစားခဲ့သည့် ဆေးဗားလ်စတား အသင်းနှင့် ဒဂုံစတားယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင် ဒဂုံစတားယူနိုက်တက် အသင်းက ဆေးဗားလ်စတား အသင်းကို ၉ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။

အလားတူ အုပ်စု(D)ပွဲစဉ်အဖြစ် ညနေ ၃ နာရီ ၄၅ မိနစ်က ပဒုမ္မာအားကစားကွင်း တွင်ကစားခဲ့သည့် ရက္ခပူရယူနိုက်တက်အသင်း နှင့် မြဝတီအက်ဖ်စီအသင်းတို့ ပွဲစဉ်တွင် မြဝတီအက်ဖ်စီ အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ညနေ ၄ နာရီက သုဝဏ္ဏ အားကစားကွင်းတွင် ကစားခဲ့သည့် ရတနာပုံ အက်ဖ်စီအသင်းနှင့် ISPE အသင်းတို့ပွဲစဉ်တွင်  ISPE အသင်းက၂ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း   အသီးသီး အနိုင်ရရှိခဲ့ကြကြောင်း သိရသည်။