ပဲခူးတိုင်းဒေသကြီး နွေရာသီအခြေခံ အားကစားသင်တန်း ဆင်းပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး နွေရာသီအခြေခံ အားကစားသင်တန်း ဆင်းပွဲကျင်းပ

 

    ပဲခူးတိုင်းဒေသကြီး  လူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီး ဌာနတို့  ပူးပေါင်းဖွင့်လှစ်သည့်    နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို  ပဲခူးမြို့ တိုင်းဒေသကြီးအားကစား ခန်းမကြီး၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နွေရာသီအခြေခံ အားကစားသင်တန်းမှ သင်တန်းဆရာများ အတွက် ဂုဏ်ပြုငွေနှင့် ဘောလုံး၊  Fitness Dance၊ ကရာတေးဒို၊ စားပွဲတင်တင်းနစ် သင်တန်းသားများ အတွက် သင်တန်းဆင်း လက်မှတ်များကို လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက ဘတ် စကက်ဘော၊  မြန်မာ့သိုင်းနှင့်  တင်းနစ် သင်တန်းသားများအတွက် သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း၊ လူမှုရေးရာ ဝန်ကြီးက ကြက်တောင်၊ ဘော်လီဘော၊ ပြေးခုန်ပစ်     သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း အသီးသီးချီးမြှင့် ပေးအပ်ကြသည်။

ယင်းနောက် နွေရာသီအခြေခံ အားကစား သင်တန်းတက်ရောက်ခဲ့ကြသည့် မြန်မာ့ သိုင်း၊ ဘောလုံး၊ ကရာတေးဒို၊ ဘတ်စကက်ဘောနှင့်   Fitness Dance သင်တန်းသား၊ သင်တန်းသူလေးများက  အားကစားနည်း အလိုက် သရုပ်ပြဖျော်ဖြေ တင်ဆက်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  သရုပ်ပြ အားကစားသမားများအား ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်သည်။

ပဲခူးတိုင်းဒေသကြီး   လူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီး  အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ် သည့် နွေရာသီအခြေခံ အားကစား သင်တန်း  တွင် အားကစားနည်း ၁၀ မျိုး၊ သင်တန်း သား၊ သင်တန်းသူဦးရေ ၆၅၇ ဦးအား မတ်လ ၁  ရက်မှ  ၃၁  ရက်အထိ ဖွင့်လှစ်သင်ကြား ပေးခဲ့ခြင်း ဖြစ်ကြောင်း   သိရသည်။