မိုင်းဆတ်နှင့် နမ့်စန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
နေပြည်တော် ဧပြီ ၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၃၀ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် မိုင်းဆတ်မြို့နယ်၊ မယ်ဆွမ်တောင်ကျေးရွာအုပ်စု၊ ဝိန်းလိတ်ကျေးရွာအနီးတွင် အဲဘို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ကျအူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုကိုလည်းကောင်း။
မတ်လ ၃၁ ရက် ၁၂ နာရီခွဲတွင် နမ့်စန်မြို့နယ်၊ နမ့်မော်ခေါက်ဆင့်ကျေးရွာအနီးတွင် စံမြင့်ဦး မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)