ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ ၂၀၂၄ ခုနှစ် မတ်လအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို အယ်နာဆာအသင်း တိုက်စစ်မှူးစီရော်နယ်ဒို ဆွတ်ခူးရရှိ

 

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ ၂၀၂၄ ခုနှစ် မတ်လအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို အယ်နာဆာအသင်း တိုက်စစ်မှူးစီရော်နယ်ဒို ဆွတ်ခူးရရှိ

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ ၂၀၂၄ ခုနှစ် မတ်လအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို အယ်နာ ဆာအသင်းတိုက်စစ်မှူး  စီရော်နယ်ဒိုက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

စီရော်နယ်ဒိုသည် ယခုဘောလုံးရာသီတွင် မတ်လအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုရရှိ ခဲ့ပြီးနောက်  ယခုဘောလုံးရာသီအတွင်း  လေးကြိမ် မြောက်ရရှိခဲ့ခြင်းဖြစ်ပြီး   ၂၀၂၃  ခုနှစ် သြဂုတ်လ၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရရှိခဲ့ခြင်း ဖြစ်သည်။

စီရော်နယ်ဒိုသည် မတ်လအတွင်းကစားခဲ့သည့် ပွဲစဉ်များတွင် အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့သည့်အတွက်  အယ်ဟီလယ်အသင်းမှ  မီထရိုဗစ်ကို ကျော်ဖြတ်ပြီး တစ်လတာအကောင်းဆုံးကစား သမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်း၏ပရော်ဖက်ရှင်နယ် ကစားသမားဘဝတွင် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ၁၆ ကြိမ်မြောက်အဖြစ် ရရှိခဲ့ခြင်း ဖြစ်ပြီး     အကြိမ်ရေအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။

စီရော်နယ်ဒိုသည် တစ်လတာအကောင်းဆုံးကစား သမားဆုကို မန်ယူအသင်းနှင့် ခြောက်ကြိမ်၊ ရီးယဲလ် မက်ဒရစ်အသင်းနှင့် သုံးကြိမ်၊ ဂျူဗင်တပ်စ်အသင်းနှင့် နှစ်ကြိမ်၊ အယ်နာဆာအသင်းနှင့် ငါးကြိမ်ဆွတ်ခူးရရှိ ထားကြောင်း သိရသည်။

Ref;The Athletic