ဖိလစ်ပိုင်၌ အပူချိန်အလွန်မြင့်တက်လာမှုကြောင့် စာသင်ကျောင်းများကို ခေတ္တရပ်နား

 

ဖိလစ်ပိုင်၌ အပူချိန်အလွန်မြင့်တက်လာမှုကြောင့် စာသင်ကျောင်းများကို ခေတ္တရပ်နား

ဖိလစ်ပိုင်နိုင်ငံ၌ အပူချိန်အလွန်မြင့်တက်လာမှုကြောင့် ဧပြီလ ၂ ရက်တွင် စာသင်ကျောင်းများကို ခေတ္တရပ်နားလိုက်ကြောင်း  သိရသည်။

ဧပြီလ ၂ ရက်တွင် မနီလာမြို့၏ အပူချိန်မှာ ၄၂ ဒီဂရီစင်တီဂရိတ်ရှိပြီး ဧပြီလ ၃ ရက်တွင် အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်အထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။

ထို့ပြင် နိုင်ငံ၏ မြို့တော်အများအပြားတွင်လည်း မနီလာမြို့ကဲ့သို့    အပူချိန်မြင့်တက်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် လူဇွန်ကျွန်း၊ အလယ်ပိုင်းကျွန်းစုများ၊ မင်ဒါနာအိုပြည်နယ်တောင်ပိုင်းကျွန်းတို့တွင် စာသင်ကျောင်း များကို ခေတ္တပိတ်ခြင်း၊ စာသင်ချိန်များကို လျှော့ချခြင်းများ လုပ်ဆောင်ရကြောင်း ပညာရေးတာဝန်ရှိသူများက ပြောသည်။

မတ်လ၊  ဧပြီလနှင့်   မေလတို့သည် အပူပိုင်းဇုန်အတွင်းရှိ ဖိလစ်ပိုင်နိုင်ငံအတွက် ရာသီဥတုအပူဆုံးသော လများ ဖြစ်ပြီး ယခုနှစ်တွင်မူ အယ်နီညိုရာသီဥတု အခြေအနေကြောင့် အပူချိန်ပိုမိုမြင့်တက်မှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

အပူချိန်   အလွန်မြင့်တက်လာသည့်အတွက် ယင်းနှင့်ဆက်စပ်နေသော ရောဂါဝေဒနာများကို ခံစားရနိုင် ခြေမြင့်တက်လျက်ရှိကြောင်း   တာဝန်ရှိသူများက သတိပေးထားသည်ဟု သိရသည်။     

Ref: Phys