ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံး အမျိုးသားကြီး ဂီဆာဘူရိုဆိုနိုဘေ ကွယ်လွန်

 

ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံး အမျိုးသားကြီး ဂီဆာဘူရိုဆိုနိုဘေ ကွယ်လွန်

အသက် ၁၁၂ နှစ်အရွယ် ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံးအမျိုးသားကြီးမှာ တိုကျိုမြို့အနီး၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုက ဧပြီလ ၄ ရက်တွင် ထုတ်ပြန်သည်။

ဂီဆာဘူရိုဆိုနိုဘေအမည်ရှိ အဆိုပါ အမျိုးသားကြီးသည် ၁၉၁၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ်  နိုဝင်ဘာလမှစ၍ နိုင်ငံ၏ အသက်အကြီးဆုံးအမျိုးသားကြီးအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ ၎င်းအမျိုးသားကြီးသည် ပြီးခဲ့သည့် မတ်လနှောင်းပိုင်းတွင်  ချီဘာစီရင်စု၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ုပသိသ သတင်းဌာနက ထုတ်ပြန်သည်။

ဂီဆာဘူရိုဆိုနိုဘေသည် မည်သည့်အကြောင်းရင်းကြောင့် ကွယ်လွန်ခဲ့ရသည်၊ မည်သည့်နေ့ရက်တွင် ကွယ်လွန်ခဲ့သည် စသည့်အသေးစိတ်အချက်အလက်များကို ၎င်းင်း၏မိသားစုဝင်များက ထုတ်ပြန်ခြင်းမပြုရန် အာဏာပိုင်အဖွဲ့အားတောင်းဆိုခဲ့ ခြင်းကြောင့် အသေးစိတ်အချက်အလက်ကို မထုတ်ပြန်ခြင်းဖြစ်ကြောင်း တာတေယာမာ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကပြောသည်။

လက်ရှိ ကမ္ဘာပေါ်တွင် အသက်အကြီးဆုံးအမျိုးသားကြီးဖြစ်သူ ဗင်နီဇွဲလားနိုင်ငံမှ ဂျူအန်ဗင်းဆင့်ပဲရက်ဇ်မှာ အသက် ၁၁၄ နှစ်တွင် ၎င်း၏နိုင်ငံအတွင်း၌ သေဆုံးသွားပြီဖြစ်ကြောင်း Guinness ကမ္ဘာ့စံချိန်အဖွဲ့က ဧပြီလ ၃ ရက်တွင် ထုတ်ပြန်ထားခြင်းကြောင့်   ဂီဆာဘူရိုဆိုနိုဘေအား ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားကြီး ဖြစ်လာရန် မျှော်မှန်းထားခဲ့ကြောင်း သိရသည်။

Ref: Xinhua