ယူကရိန်းတွင် ဖြန့်ကြက်ထားသည့် ပြင်သစ်တပ်များ တိုက်ခိုက်ခံရပါက နေတိုးနှင့်အမေရိကန်တို့ ကြားဝင် ကူညီပေးရန်မလိုဟု မက်ခရွန်ပြော

 

ယူကရိန်းတွင် ဖြန့်ကြက်ထားသည့် ပြင်သစ်တပ်များ တိုက်ခိုက်ခံရပါက နေတိုးနှင့်အမေရိကန်တို့ ကြားဝင် ကူညီပေးရန်မလိုဟု မက်ခရွန်ပြော

ယူကရိန်းနိုင်ငံအတွင်း ဖြန့်ကြက်ထားသည့် ပြင်သစ်တပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပါက  နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများနှင့် အမေရိကန်တို့အနေဖြင့် ကြားဝင်ကူညီပေးရန် မလိုအပ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က  မဟာမိတ်အနောက်နိုင်ငံများအား   ပြောကြားခဲ့ကြောင်း အမေရိကန်မီဒီယာ တစ်ခုကဖော်ပြသည်။

ယူကရိန်းနိုင်ငံအတွင်း ဖြန့်ကြက်ထားသည့် ပြင်သစ်တပ်များအား  ရုရှားက တိုက်ခိုက်မည်ကို   ဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန်အစိုးရက စိုးရိမ်မကင်းဖြစ်လျက်ရှိပြီး  ယင်းသို့တိုက်ခိုက်ခြင်းခံရပါက ပြင်သစ်အနေဖြင့် အခြားမဟာမိတ်နိုင်ငံများနှင့်အတူ ယူကရိန်းပဋိပက္ခတွင် အပြည့်အဝပါဝင်သွားမည်ကို ဂျိုးဘိုင်ဒင်က စိုးရိမ်နေကြောင်း  အမည်မဖော်လိုသည့် အမေရိကန် အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ WSJ   က ဧပြီလ ၃ ရက်တွင် ဖော်ပြသည်။

ပြင်သစ်သမ္မတ မက်ခရွန်သည် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက အမေရိကန် သမ္မတနှင့် ဂျာမနီ ဝန်ကြီးချုပ်တို့အား ဖုန်းဖြင့်ဆက်သွယ်၍  နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံအပေါ် ပိုမိုထိရောက်သည့် မဟာဗျူဟာမြောက် အနေအထားတစ်ရပ်ကို ချမှတ်ကျင့်သုံးသင့်ကြောင်း တောင်းဆိုခဲ့သော်လည်း ယင်းတောင်းဆိုချက်သည် ရန်လိုမှုများကို မြင့်တက်စေနိုင်သည်ဟုဆိုကာ အမေရိကန်နှင့် ဂျာမနီတို့က ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငြင်းဆိုချက်ထွက်ပေါ်ခဲ့ခြင်းကြောင့် ယူကရိန်းရှိ ပြင်သစ်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခြင်း ခံရပါက အမေရိကန်အပါအဝင် နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများအနေဖြင့် ကြားဝင်ကူညီရန် မလိုအပ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်က မဟာမိတ်အနောက်နိုင်ငံများအား  ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                 

Ref: Sputnik