နိုင်ငံ၏ သတင်းအချက်အလက်များအား မော့ဆက်အဖွဲ့သို့ ရောင်းချခဲ့သည့် သူလျှိုရှစ်ဦးကို တူကီယဲဖမ်းဆီး

 

နိုင်ငံ၏ သတင်းအချက်အလက်များအား မော့ဆက်အဖွဲ့သို့ ရောင်းချခဲ့သည့် သူလျှိုရှစ်ဦးကို တူကီယဲဖမ်းဆီး

 

    တူကီယဲရဲတပ်ဖွဲ့သည် နိုင်ငံ၏ သတင်း အချက်အလက်များအား အစ္စရေးထောက်လှမ်း ရေးအဖွဲ့ဖြစ်သည့် မော့ဆက်သို့ရောင်းချခဲ့သည့် သူလျှိုရှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တူကီယဲပြည်ထဲရေး ဝန်ကြီး  အလီယာလီ ကာယာက ဧပြီလ ၅ ရက်တွင်ပြောသည်။

ဖမ်းဆီးခံထားရသည့် သူလျှိုများသည် အစ္စရေးထောက်လှမ်းရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး တူကီယဲနိုင်ငံအတွင်းရှိ မော့ဆက် အဖွဲ့က ပစ်မှတ်ထား ထောက်လှမ်းနေသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများ၏ သတင်း အချက်အလက်များနှင့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အလီယာလီ ကာယာက ဆက်ပြောသည်။

တူကီယဲရဲတပ်ဖွဲ့သည် သူလျှိုများအား အမျိုးသားထောက်လှမ်းရေး အဖွဲ့နှင့်အတူ  ပူးပေါင်းလုပ်ဆောင်သည့် စီးနင်းမှုအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဖမ်းဆီးခံထားရသူများ အနက် ခြောက်ဦးကို တရားစွဲဆိုထားနိုင်ခဲ့ပြီး ကျန်နှစ်ဦးကိုမူ ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။

တူကီယဲအစိုးရအနေဖြင့်  မိမိတို့နိုင်ငံ၏ အမျိုးသားညီညွတ်မှုနှင့် စည်းလုံးမှုကို ပျက်ပြားစေမည့် မည်သည့်သူလျှို လုပ်ဆောင် မှုမျိုးကိုမဆို   ခွင့်ပြုမည် မဟုတ်ကြောင်း အလီယာလီကာယာက   ထပ်လောင်း ပြောကြားခဲ့သည်။