ဗင်နီဇွဲလားနှင့် ဆက်နွှယ်နေသည့် ငွေကြေးခဝါချမှုတွင် ပါဝင်ဖွယ်ရှိသူနှစ်ဦးကို စပိန်ဖမ်းဆီး

 

ဗင်နီဇွဲလားနှင့် ဆက်နွှယ်နေသည့် ငွေကြေးခဝါချမှုတွင် ပါဝင်ဖွယ်ရှိသူနှစ်ဦးကို စပိန်ဖမ်းဆီး

 

    စပိန်ရဲတပ်ဖွဲ့သည်  ဗင်နီဇွဲလားအစိုးရနှင့် ဆက်နွှယ်နေသည့် ငွေကြေးခဝါချမှုကို စုံစမ်းဖော်ထုတ်ရန်အတွက် မက်ဒရစ်မြို့တော် ရှိ လူနေအိမ် အများအပြားအား စီးနင်းခဲ့ရာ လူနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း စပိန်တရားရုံးချုပ်က ဧပြီလ ၅ ရက်တွင်ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့သည် အဆိုပါစီးနင်းမှုများအား တရားရုံးချုပ်မှ   စုံစမ်းစစ်ဆေးရေး တရားသူကြီး ဂျိုအာချင်ဂါဒီ၏ တောင်းဆိုချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စီးနင်းမှုများကို ပေါ်တူဂီ၊ အမေရိကန်ပြည်ထောင်စုတို့နှင့် အတူပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့သည် စီးနင်းရှာဖွေမှု များကို ဗင်နီဇွဲလားစီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သူ   ရောဘတ်တိုရင်ကွန်၏ မိသားစုဝင်များအား အဓိကပစ်မှတ်ထား လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အတွင်းသိများ၏ ပြောကြားချက်ကို ကိုးကား၍ El Confidencial သတင်းစာက ဖော်ပြသည်။

ရောဘတ်တိုရင်ကွန်သည် စွမ်းအင်စီမံကိန်းများ ရရှိရန်အတွက် ဗင်နီဇွဲလားနိုင်ငံပိုင် PDVSA ရေနံကုမ္ပဏီမှ တာဝန်ရှိသူများ အား လာဘ်ပေးမှုဖြင့် အပြစ်ရှိကြောင်း ဝန်ခံ ပြောကြားထားသူ ဖြစ်သည်။

လက်ရှိတွင် စပိန်အစိုးရသည် ဖမ်းဆီး ခံထားရသူများအား ဗင်နီဇွဲလားနိုင်ငံ၏ ငွေကြေးခဝါချမှု၊ လာဘ်စားမှု၊ ရာဇဝတ်မှု ကျူးလွန်သည့် အဖွဲ့အစည်းများနှင့် ဆက်နွှယ် မှု ရှိ၊ မရှိကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။