တောင်ကိုရီးယားလွှတ်တော်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူအရေအတွက် စံချိန်တင်

 

တောင်ကိုရီးယားလွှတ်တော်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူအရေအတွက် စံချိန်တင်

တောင်ကိုရီးယားနိုင်ငံ၏  လွှတ်တော်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုကို ယခုသီတင်းပတ်အကုန်တွင် ပြုလုပ်ရာ ကြိုတင်မဲပေးသူအရေအတွက်မှာ  စံချိန်တင်သွားကြောင်း သိရသည်။

အမျိုးသားရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ၄၄ သန်းကျော်အနက် ၁၁ သန်းကျော်မှာ ဧပြီလ ၆ ရက် မွန်းလွဲ ၃ နာရီအထိ  လာရောက်ကြိုတင်မဲပေးကြသည်ကို တွေ့ရသည်။  ရာခိုင်နှုန်းအား ဖြင့်ဆိုလျှင် ၂၆ ဒသမ ၅၃ ရာခိုင်နှုန်းရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် လွှတ်တော်ရွေးကောက်ပွဲများအတွက်   ကြိုတင်မဲပေးသူအရေအတွက်မှာ ၂၁  ဒသမ  ၉၅ ရာခိုင်နှုန်းသာရှိသည်။

ထို့ပြင် ကြိုတင်မဲစတင်ပေးနိုင်သည့် ဧပြီလ  ၅   ရက်  တစ်ရက်တည်းမှာပင် ကြိုတင်မဲပေးသူ အရေအတွက် ၆ ဒသမ ၉ သန်းခန့်ရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၁၅ ဒသမ ၆ ရာခိုင်နှုန်းအထိရှိသည်။

တောင်ကိုရီးယားနိုင်ငံက ကြိုတင်မဲပေးမှုစနစ်ကို ၂၀၁၄ ခုနှစ်တွင်စတင်ခဲ့ခြင်း ဖြစ်သည်။ ယခုကြိုတင်မဲပေးမှုတွင် လာရောက်မဲပေးနိုင်ခြင်း မရှိသူများက ဧပြီလ  ၁၀ ရက်တွင်မဲပေးရမည်ဖြစ်ကြောင်း သိရသည်။

Ref: Yonhap